Wednesday, June 24, 2020

ပေါင်မြို့နယ်ရှိ မြေပြိုကျနိုင်တဲ့နေရာ (၂၁)နေရာကိုထုတ်ဖော်ပြောကြားတာမရှိပေမယ့် နီးစပ်ရာရွာတွေကိုတော့ သတိပေးပြောဆိုထား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ မြေပြိုကျနိုင်တဲ့နေရာ (၂၁)နေရာရှိတယ်လို့ စက်တင်ဘာလ (၁၉)ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်ရုံးမှာကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပေါင်မြို့နယ်အတွင်း မြေပြိုကျမှုဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ပညာရှင်များဖြင့် စမ်းသပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဖြေကြားရာမှာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားခဲ့တာပါ။
လက်ရှိ ပေါင်မြို့နယ်ရှိ မြေပြိုကျနိုင်တဲ့နေရာ (၂၁)နေရာနဲ့ပတ်သက်ပြီး ဒေသခံတွေကိုထုတ်ဖော်ပြောကြားတာမရှိပေမယ့် နီးစပ်ရာရွာတွေကိုတော့အစိုးရအနေဖြင့် သတိပေး ပြောဆိုထားတာရှိတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝနျကွီး ဒေါကျတာမငျးကွညျဝငျးက ပွောပါတယျ။
ဒါ့အပြင် လက်ရှိမြေပြိုနိုင်တဲ့ နေရာတွေဟာဆိုရင်သစ်တောကြိုးဝိုင်းနဲ့ ရာဘာခြံထဲမှာတချို့ရှိတာတွေ့ရကြောင်း၊ ဒါ့အပြင် တောင်ကျော်တဲ့လမ်းတွေမှာမြေထိန်းနံရံမရှိတဲ့အတွက် ဒီနေရာတွေလည်းအကုန်ဖြစ်နိုင်ကြောင်းနဲ့ ပေါင်မြို့နယ်အတွင်းရှိတောင်ခြေမှာရှိတဲ့ ရွာအားလုံးကို ရွှေ့ပြောင်းဖယ်ရှားဖို့ဆိုတာတော့ တော်တော်လေကို စဉ်စားရမှာဖြစ်တယ်လို့ဝန်ကြီးက ပြောပါတယ်။
အခုလို ပေါင်မြို့နယ်အတွင်းရှိ မြေပြိုနိုင်တဲ့နေရာ (၂၁)နေရာကို ထုတ်ဖော်ပြောကြားမှုမရှိတာနဲ့ပတ်သက်ပြီး ပေါင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူးက `ကျွန်တော် အနေနဲ့ ကတော့လေဒီ(၂၁)နေရာကို တရားဝင်ဖော်ပြသင့်တယ်လို့မြင်တယ်၊ တကယ်အန္တရာယ်ရှိတဲ့နေရာတွေကိုလည်းဖယ်ရှားရှင်းလင်းနိုင်ဖို့၊ ဆိုင်းဘုတ်စိုက်ထူတာမျိုး၊မြေပြိုနိုင်ခြေရှိတဲ့နေရာမျိုးကို ဟောပြောပွဲတွေပြုလုပ်တာမျိုး၊ ဘယ်လိုမိုးရေချိန်လက်မတွေမှာမြေပြိုနိုင်တာမျိုး ဟောပြောမှုတွေကို ပြည်သူလူထုအကျယ်တဝင့် သိရှိနားလည်အောင် သက်ဆိုင်ရာအစိုးရအနေနဲ့ လုပ်သင့်တယ်လို့မြင်တယ်´´လို့ ဆိုပါတယ်။
ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ဟာဆိုရင် ပြီးခဲ့တဲ့(၂၀၁၉)ခုနှစ် ဩဂုတ်လ(၉)ရက်နေ့၊ မနက်ပိုင်းက မိုးအဆက်မပျက်ရွာသွန်းခဲ့တဲ့အတွက် ပြိုကျခဲ့ကြောင်း၊ အခုလိုတောင်ပြိုကျခဲ့တဲ့အတွက် နေအိမ်(၂၀)ကျော် ပျက်စီးဆုံးရှုံးခဲ့သလို့မော်တော်ယာဉ်တွေပျက်စီးတာ၊ လူ(၇၀)ကျော်သေဆုံးတာတွေလည်းရှိခဲ့ကြောင်းနဲ့ လက်ရှိမှာမိုးရာသီရောက်ပြီးဖြစ်တဲ့အတွက် မြေပြိုမှာကိုစိုးရိမ်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
Ref ; Yarmanya Times

0 comments:

Post a Comment