Friday, June 19, 2020

မကွေးမြို့ ရွှေလမင်းထမင်းဆိုင် ရိုက်နှက်ခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲ ၇ ဦးကို အရေးယူမည်

မကွေးမြို့ ရွှေလမင်းထမင်းဆိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇွန် ၁၈ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အရေးယူသွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
ရွှေလမင်းထမင်းဆိုင်နားမှာ သမီးယောက်ဖချင်း ဓားတွေ၊ တုတ်တွေကိုင် ခိုက်ရန်ဖြစ်ကြစဉ် ဓားကိုင်သူအား လှည့်ကင်းလှည့်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့ ကြိုးစားရင်း ဖြစ်ပွားခဲ့တာလို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ပြောပါတယ်။
“ဆဲဆို ဓားကိုင်တဲ့သူကို အရေးယူဖို့ ကြိုစားတဲ့အချိန်မှာ တပ်ဖွဲ့ဝင်တဦးက ဖုန်သုတ်တဲ့ကြက်မွှေးနဲ့ တားမြှစ်ရိုက်နှက်မိတာပါ။ သေနတ်ကိုင်တယ်ဆိုတာက ဒုရဲအုပ်သန်းထိုက်အောင် ကားနဲ့ရောက်လာပြီး တပ်ဖွဲ့ဝင်တွေကို လက်ဟန်ခြေဟန်နဲ့ပြောတဲ့ဟာကို ချိန်တယ်လို့ စွပ်စွဲခံရတာပါ။ အဲဒီလို ဓားကိုင်တဲ့သူကို ဖမ်းဆီးဖို့ ကြိုးစားတဲ့အချိန်မှာ နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့ ဒေါ်နွယ်နွယ်ဆိုတဲ့ အမျိုးသမီးရောက်လာပြီး သူ့ဆွေမျိုးတွေ သူထိန်းနိုင်တယ်လို့ပြောလို့ ရဲတပ်ဖွဲ့ဝင်တွေက မဖမ်းဆီးခဲ့ပါဘူး။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကို အထက်အရာရှိကို သတင်းမပို့တာရယ်၊ ရဲလုပ်ငန်းပြီးမြောက်အောင် မလုပ်တာတွေကြောင့် သက်ချုပ်ရေးမှတ်ပြီး ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေအရ အရေးယူသွားမှာပါ။”
ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများထံသို့ တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
>>zawgyi<<

0 comments:

Post a Comment