Monday, June 22, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ခေတ်ပညာတက်လူငယ်များကို ပဲခူးပြည်ခိုင်ဖြိုးပါတီ က ဦးစားပေး ရွေးချယ်

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ က ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ခေတ်ပညာတက်လူငယ်များကို ဦးစားပေးရွေးချယ်ထားကြောင်း ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းခန့်ကျော်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဆိုရင် ဘွဲ့ရပညာတက် လူငယ်တွေ နဲ့ လူကြီး အချိုးကျပေါင်းစပ်ပြီး ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် လူငယ်တွေချည်းပဲတောင် ထွက်လာမလားဆိုတာ ပြောရမယ့် အနေအထား ရှိပါတယ် ။ ၂၀၂၀ မှာ ပြည်ခိုင်ဖြိုးပါတီ အနို​င်ရရှိသွားမယ်ဆိုရင် လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်တဲ့ တရားဥပဒေစိုးမိုးရေးတွေ နယ်မြေအေးချမ်းရေးတွေကိုလည်း အဓိကထားပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း လက်ရှိထက် ပိုပြီး စွမ်းဆောင်သွားပါမယ်လို့ ပြည်သူကို ကတိပေးပါတယ် ။အာမခံချက်ပေးပါတယ်။
ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီ က ပြည်သူ့အတွက် အာမခံချက် ၉ ချက်ရှိပါတယ်။ ကျနော်တို့ လုပ်ပေးနိုင်တဲ့ ကိစ္စကိုပဲ အာမခံလေ့ရှိပါတယ် ။ကျနော်တို့ပါတီအနေနဲ့ မလုပ်နိုင်တဲ့ ကိစ္စကို အာမခံလေ့မရှိပါဘူး"ဟု ၎င်းကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ယှဥ်ပြိုင်မည့် ကိုယ်စားလောင်းများစာရင်းကို ပါတီဌာနချုပ်သို့ပေးပို့ထားပြီး ဌာနချုပ်မှ ထပ်မံစိစစ်၍ ရွေးကောက်ပွဲကော်မရှင်မှ ကြေညာမှသာ အမည်စာရင်း အတည်ပြုနိုင်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ က ပဲခူးတိုင်း ဇီးကုန်းမြို့ တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ နှစ်ခု နှင့် ပြည်သူ့ လွှတ်တော်နေရာ၌ အနိုင်ရရှိခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပဲခူးတိုင်း ၂၈ မြို့နယ်ရှိ မဲဆန္ဒနယ်မြေ အားလုံးတွင်ဝင်ရောက်ယှဥ်ပြိုင်မည် ဖြစ်ကြောင်း ပဲခူးတိုင်း ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။
crd-BagoWeeklyJournal #Myanmar_Online_News
>>zawgyi<<
၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ခေတ်ပညာတက်လူငယ်များကို ပဲခူးပြည်ခိုင်ဖြိုးပါတီ က ဦးစားပေး ရွေးချယ်

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ က ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်းအဖြစ် ခေတ်ပညာတက်လူငယ်များကို ဦးစားပေး ရွေးချယ်ထားကြောင်း ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းခန့်ကျော်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဆိုရင် ဘွဲ့ရပညာတက် လူငယ်တွေ နဲ့ လူကြီး အချိုးကျပေါင်းစပ်ပြီး ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် လူငယ်တွေချည်းပဲတောင် ထွက်လာမလားဆိုတာ ပြောရမယ့် အနေအထား ရှိပါတယ် ။ ၂၀၂၀ မှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိသွားမယ်ဆိုရင် လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်တဲ့ တရားဥပဒေစိုးမိုးရေးတွေ နယ်မြေအေးချမ်းရေးတွေကိုလည်း အဓိကထားပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း လက်ရှိထက် ပိုပြီး စွမ်းဆောင်သွားပါမယ်လို့ ပြည်သူကို ကတိပေးပါတယ် ။အာမခံချက်ပေးပါတယ်။
ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီ က ပြည်သူ့အတွက် အာမခံချက် ၉ ချက်ရှိပါတယ်။ ကျနော်တို့ လုပ်ပေးနိုင်တဲ့ ကိစ္စကိုပဲ အာမခံလေ့ရှိပါတယ် ။ကျနော်တို့ပါတီအနေနဲ့ မလုပ်နိုင်တဲ့ ကိစ္စကို အာမခံလေ့မရှိပါဘူး"ဟု ၎င်းကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ မှဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလောင်းများစာရင်းကို ပါတီဌာနချုပ်သို့ပေးပို့ထားပြီး ဌာနချုပ်မှ ထပ်မံစိစစ်၍ ရွေးကောက်ပွဲကော်မရှင်မှ ကြေညာမှသာ အမည်စာရင်း အတည်ပြုနိုင်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ က ပဲခူးတိုင်း ဇီးကုန်းမြို့ တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ နှစ်ခု နှင့် ပြည်သူ့ လွှတ်တော်နေရာ၌ အနိုင်ရရှိခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပဲခူးတိုင်း ၂၈ မြို့နယ်ရှိ မဲဆန္ဒနယ်မြေ အားလုံးတွင်
ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပဲခူးတိုင်း ပြည်ခိုင်ဖြိုးပါတီ မှ သိရသည်။
crd-BagoWeeklyJournal #Myanmar_Online_News

0 comments:

Post a Comment