Thursday, June 18, 2020

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ပြိုင်မည်

ရန်ကုန်တိုင်းဒေသကြီးရဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) အထွေထွေအတွင်းရေးမှူး ဒေါ်နော်အုန်းလှအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားလို့ ပြောပါတယ်။
"အန်တီ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရွေးမှာက အန်တီတို့ ကရင်တိုင်းရင်းသားတွေအတွက် တန်းတူရည်တူမရှိတဲ့ အချက်တွေရယ်၊ ကန့်သတ်ခံနေရရယ်၊ ငြိမ်းချမ်းရေး မရှိဘူး။ စစ်ဘေးရှောင်တွေ အများကြီးရှိနေသေးတယ်။ စားဝတ်နေရေး ပြဿနာတွေလည်း ရှိတယ်။ ဒါတွေအတွက် ဆောင်ရွက်ဖို့ အဖွဲ့ ကနေ အန်တီကို ရွေးလိုက်တာပေါ့နော်"လို့ ဒေါ်နော်အုံးလှက ပြောပါတယ်။
ဒေါ်နော်အုန်းလှဟာ ယခင်က NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ဒေါအောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်က လွတ်မြောက်ရေးဆုတောင်းပွဲတွေနဲ့ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူပါ။ ၂၀၁၀ ခုနှစ်နောက် ပိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုတွေ ကြောင့် မကြာခဏတ ရားစွဲဆိုခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment