Tuesday, June 16, 2020

ရန်ကုန်တိုင်းအတွင်းမှ သီလရှင် ၂၀၁၁၂ ပါးသို့ တစ်ပါးအတွက် ဆန်၁တင်း၊ ဆီ ၁ပိသာနှုန်းဖြင့် ထောက်ပံ့လှူဒါန်း

သီတဂူဆရာတော်ကြီးသည် COVID-19 ကပ်ရောဂါ Stay Home ကာလ ဆွမ်းဆန်ခံ မထွက်နိုင်ကြကုန်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းသုံးနေထိုင်ကြသည့် သာသနာ့အနွယ်ဝင် သီလရှင်များကို တစ်ပါးအတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် ထောက်ပံ့လှူဒါန်းပေးပါသည်။
သီတဂူသာသနာပြုအဖွဲ့နှင့် အလှူရှင်များသည် ရန်ကုန်တိုင်းသာသနာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနများ၏ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် သီလရှင်အပါးအရေအတွက် ကောက်ခံရယူကာ ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်းသီတင်းသုံးနေထိုင်ကြသည့် သီလရှင်ကျောင်းတိုက်ပေါင်း ၁၁၃၇ ကျောင်း၊ အပါးအရေအတွက် ၂၀၁၁၂ပါးတို့အတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းပေးခဲ့ပါသည်။
ကျန်နေသည့် မြို့နယ်များမှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန် စံနစ်တကျစီစဉ် ဆောင်ရွက်ထားပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Ref-သီတဂူစတား #Myanmar_Online_News
>>zawgyi<<
ရန်ကုန်တိုင်းအတွင်းမှ သီလရှင် ၂၀၁၁၂ ပါးသို့ တစ်ပါးအတွက် ဆန်၁တင်း၊ ဆီ ၁ပိသာနှုန်းဖြင့် ထောက်ပံ့လှူဒါန်း
Tuesday, June 16, 2020
သီတဂူဆရာတော်ကြီးသည် COVID-19 ကပ်ရောဂါ Stay Home ကာလ ဆွမ်းဆန်ခံ မထွက်နိုင်ကြကုန်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းသုံးနေထိုင်ကြသည့် သာသနာ့အနွယ်ဝင် သီလရှင်များကို တစ်ပါးအတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် ထောက်ပံ့လှူဒါန်းပေးပါသည်။
ပ ဉ္စမနေ့ရက်အဖြစ် ၁၆-၆-၂၀၂၀ ရက်၊ နေ့ခင်း ၁:၀၀ နာရီအချိန်မှစတင်၍ ရန်ကုန်တိုင်း၊ သံလျှင်မြို့နယ်၊ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးတွင် သံလျှင်၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း (၄) မြို့နယ် အတွင်းမှ သီလရှင်ကျောင်းများတွင် သီတင်းသုံးနေထိုင်ကြကုန်သော သီလရှင် ၃၈၀၃ ပါးတို့ကို ပင့်ဖိတ်လှူဒါန်းပါသည်။
သီတဂူသာသနာပြုအဖွဲ့နှင့် အလှူရှင်များသည် ရန်ကုန်တိုင်းသာသနာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနများ၏ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် သီလရှင်အပါးအရေအတွက် ကောက်ခံရယူကာ ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်းသီတင်းသုံးနေထိုင်ကြသည့် သီလရှင်ကျောင်းတိုက်ပေါင်း ၁၁၃၇ ကျောင်း၊ အပါးအရေအတွက် ၂၀၁၁၂ပါးတို့အတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းပေးခဲ့ပါသည်။
ကျန်နေသည့် မြို့နယ်များမှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန် စံနစ်တကျစီစဉ် ဆောင်ရွက်ထားပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Ref-သီတဂူစတား #Myanmar_Online_News

0 comments:

Post a Comment