Saturday, June 20, 2020

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲရာထူးခန့်ချုပ်ကို ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ဖြေကြား

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရာထူးခန့်ချုပ်ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်နေကြောင်း သိရပြီး စစ်ဆေး ပေါ်ပေါက်ချက်အပေါ် မူတည်ကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိကြီးစာရင်းဝင် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးမှုများပြု လုပ်နေကြောင်း၊ စစ်ဆေးနေသည့် ကိစ္စကို နိုင်ငံတော်သမ္မတရုံးက သိရှိထားပြီး အမှုမပြီးပြတ်သေးကြောင်း ဦးဇော်ဌေးက ဇွန် ၁၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
"လတ်တလောစုံစမ်းစစ်ဆေးဆဲအမှုဖြစ်တော့ အခုလော လောဆယ်မှာတော့ စုံစမ်းစစ်ဆေးရေးခုံရုံးပြီးသွားရင် လုပ်ထုံး လုပ်နည်းအရ သက်သေခံ အကျဉ်းချုပ်ရေးမှတ်ယူမယ်။ ထင်ရှား တယ်ဆိုရင် ဆက်လက်ပြီး ရဲတရားရုံးမှာ ပြစ်ဒဏ်စီရင်တဲ့ အပိုင်း လာလိမ့်မယ်။ ဒါက စုံစမ်းစစ်ဆေးတဲ့အပိုင်းဖြစ်တဲ့အတွက် ငြိစွန်းသလား၊ မငြိစွန်းဘူးလားဆိုတာ ကျွန်တော်တို့လည်း မသိဘူး၊ ကျွန်တော်တို့လည်း မပြောတတ်သေးဘူး၊ လောလောဆယ် ကာလမှာတော့ ဒီအမှုကမပြီးပြတ်သေးဘူး"ဟု ဦးဇော်ဌေးက သတင်းထောက် တစ်ယောက်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြား စဉ် ပြောဆိုသည်။
ရဲမှူးချုပ်ဇော်မိုးသန်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရာထူးခန့်ဌာနကြီး ရဲရာထူးခန့်ချုပ်အဖြစ် ၂၀၁၈ခုနှစ် ဧပြီ ၂၆ ရက်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရဲလေ့ကျင့်ရေးဌာနကြီး ရဲလေ့ကျင့်ရေး အရာရှိချုပ်တာဝန်မှပြောင်းရွှေ့လာသူ ဖြစ်ပြီး စစ်ဆေးခံနေရ သည့်အကြောင်းအရာကိစ္စအသေးစိတ်ကိုမူ ရဲတပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
လက်ရှိအချိန်အထိ ပြည်ထဲရေးဝန်ကြီးအသစ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်လက်ထက် ရဲမှူးချုပ်အဆင့်ရှိ အရာရှိကြီး နှစ်ဦးအား အရေးယူဆောင်ရွက်ခဲ့သည်။ ရထားရဲတပ်ဖွဲ့မှူးရဲမှူးချုပ် မိုးသန်းအောင် (ရာထူးမှ ထုတ်ပယ်ပြီး ထောင်ဒဏ်ခြောက် လချ)၊ ရဲထောက်ချုပ်ရဲမှူးချုပ်ဇော်ခင်အောင် (ပြစ်တင်ရှုတ်ချပြီး ရဲတပ်ဖွဲ့မှ ထုတ်ပယ်)တို့ဖြစ်ပြီး ယခုစစ်ဆေးခံနေရဆဲရဲမှူးချုပ် ဇော်မိုးသန်းအပါအဝင် ပြည်ထဲရေးဝန်ကြီးအသစ် လက်ထက်တွင် အရေးယူခံလိုက်ရသည့် ရဲမှူးချုပ်နှစ်ဦး၊ စစ်ဆေးခံနေရသည့်ရဲမှူးချုပ်တစ်ဦး ရှိသွားပြီဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် ရဲတပ်ဖွဲ့ အတွင်း၌ ရဲမှူးချုပ်တစ်ဦးကို ထောင်ချခြင်း၊ တစ်ဦးကို ထုတ်ပယ်ခြင်းနှင့် အမှုကိစ္စတစ်ခုဖြင့် စုံစမ်းစစ်ဆေးဆဲ ရဲမှူးချုပ်တစ်ဦးရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Crd : The Standard Time Daily

0 comments:

Post a Comment