Wednesday, June 24, 2020

ကိုဗစ်ကာလ မိမိသားသမီးပညာရေးအတွက် ထိုင်းနိုင်ငံကို ပြန်ဝင်လာကြသူ မိသားစုများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဇူလိုင်လ (၁) ရက်နေ့မှာ စာသင်ကျောင်းတွေပြန်ဖွင့်မှာကြောင့် ထိုင်းမြန်မာနယ်စပ် ထိုင်းဖက်မှာ ပညာ သင်ကြားနေကြတဲ့မြန်မာနိုင်ငံသားကလေးတွေကို သူတို့ရဲ့ မိဘတွေက တရားမဝင် တောလမ်းတွေကနေ ထိုင်းကျောင်းတက်ဖို့ ပြန်လာပို့နေကြရာမှာ မဲဆိုင်နဲ့ ကမ်ချနဘူရီမှာ နယ်စပ်လမ်းကို ခိုးဝင်လာကြတဲ့ မြန်မာမိသားစုတွေကို ထိုင်းနယ်ခြားစောင့်စစ်တပ်က တွေ့ရှိပြီး ဖမ်းဆီးခံရကြောင်း သိရပါတယ်။
အခု စာသင်နှစ်မှာ ထိုင်းမြန်မာနယ်စပ် အဝင်အထွက်တွေ ပိတ်ထားဆဲမို့ နယ်စပ်လမ်းတွေမှာ စစ်တပ်တွေက စော င့်ကြည့် စစ်ဆေးနေကြတာပါ-အခုလို ဖမ်းဆီးလိုက်တဲ့ မိသားစုတွေကို ဒဏ်ငွေ ဘတ် ၅၀၀၀ ဒဏ်ရိုက်ခံရပြီးမြန်မာနိုင်ငံဖက်ကို ပြန်ပို့ ခံရမှာဖြစ်ပါတယ်။
အဆိုပါ မိသားစုတွေဟာ ကိုဗစ် -၁၉ အရေးပေါ်ကာလမှာ ကျောင်းတွေပိတ်ထားခဲ့လို့ ထိုင်းကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့သူတို့ရဲ့ သားသမီးတွေကို မြန်မာနိုင်ငံဘက်ကို ပြန်လည် ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုပေမယ့် အခုလို မြန်မာနိုင်ငံဘက်ကနေ လာရောက် ကျောင်းတက်နေကြတဲ့ ကလေးငယ်တွေအတွက် ပြန်လည် တက်ခွင့်ရမရဆိုတာ မသေချာ ဖြစ်နေပါတယ်။
Ref ; SAW

0 comments:

Post a Comment