Tuesday, June 16, 2020

ကိုဗစ်ကပ်ဘေး မပြီးဆုံးသေးသော်လည်း မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများမှ တရုတ်နိုင်ငံသားများ ခရီးသွားခွင့်ရ

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lijian Zhao က ပြောဆိုလိုက်သည်။
ယမန်နေ့ တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"တရုတ်နဲ့ မြန်မာအကြား လိုအပ်တဲ့ ခရီးသွားလာမှုဆိုင်ရာတွေ၊ ထုတ်လုပ်မှုနဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့အတွက် မြန်ဆန်တဲ့ လမ်းကြောင်း တစ်ခုကို ထူထောင်ထားပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့ အရေးကြီးရာထူးရယူထားသူတွေအနေနဲ့ နှစ်နိုင်ငံအကြား အပြန်အလှန် ခရီးသွားလာနိုင်ပြီး အလုပ်တွေပြန်လည်စတင်နိုင်ပြီ ဖြစ်ပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lijian Zhao က ပြောဆိုသည်။
တရုတ်အစိုးရက မြန်မာနိုင်ငံထိစပ်သော နယ်စပ်ဒေသများကို ဧပြီလမှ စတင်၍ ပိတ်ထားခဲ့ပြီး အဆိုပါ ပိတ်ပင်ထားမှုသည် ဇွန်လ ၂၄ ရက်နေ့ အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
Ref-Khit Thit Media #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment