Friday, June 26, 2020

တရုတ်နိုင်ငံအတွင်း လူသတ်မှုကျူးလွန်ကာ တိမ်းရှောင်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ရန် တရုတ်ရဲတပ်ဖွဲ့ ဝရမ်းထုတ်ထား

တရုတ်နိုင်ငံအတွင်း လူသတ်မှုကျူးလွန်ကာ တိမ်းရှောင်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အမှုဖွင့်ကာ ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိကြောင်း ဇွန် ၂၆ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။
၂၀၁၇ ခုနှစ် မေ ၂၃ ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ ချိန်ဇင့်မြို့၊ ပင်းရင်းအုပ်စု၊ ချင်ယုံဟွာရွာ၊ ရပ်ကွက်(၁၀)နေလီကျင်ကော့(၄၂)နှစ်သည် လည်ပင်းနှစ်ဖက် ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
အဆိုပါ လူသတ်မှုကျူးလွန်သူကို တရုတ်ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သေဆုံးသူနှင့်အတူအလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားနှစ်ဦးက လုပ်အားခကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ကြရာမှမကျေနပ်၍ ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းတို့ ၂ဦးမှာ အခင်းဖြစ်ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းတရုတ်နိုင်ငံနှစ်နိုင်ငံ ဆက်ဆံရေးရုံး(BLO)ရုံးက သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။
၎င်းတို့ ၂ ဦးမှာ မကွေးတိုင်းဒေသကြီးနေ သိန်းထိုက်အောင်(ခ)သိန်းထက်အောင်(ခ)မူရွှေ (၂၄)နှစ်နှင့် တင်ဇင်မိုး(ခ)သန့်ဇင်မိုး(၂၃)နှစ်တို့ဖြစ်ကြောင်း သိရသဖြင့် ဇွန် ၂၅ ရက်တွင် လွယ်ဂျယ်နယ်မြေ ရဲစခန်းက(ပ)၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ၎င်းတို့အား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။

0 comments:

Post a Comment