Wednesday, June 24, 2020

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ်မှာ ပိတ်မိနေတဲ့ မြန်မာ ၂၂ ယောက်ကို အိန္ဒိယပြန်လွှဲ

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ်မှာ ပိတ်မိနေတဲ့ မြန်မာ ၂၂ ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက မိုရေးမြို့မှာ မြန်မာတာဝန်ရှိသူတွေလက် မနေ့က လွှဲအပ်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့ ကီလိုမီတာ ၃၅၀ ကျော်ရှည်လျားတဲ့ မြန်မာ-မဏိပူနယ်စပ်ကို အိန္ဒိယက ပိတ်ထားပေမဲ့ နယ်စပ်မှောင်ခိုလုပ်ငန်းကို မစစ်ဆေးနိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မဏိပူပြည်နယ်က ရွာသားတွေကလည်း ဝင်လာတဲ့နိုင်ငံခြားသားတွေကို စစ်ဆေးနိုင်အောင်လမ်းမှာ သစ်တုံးတွေချထားပါတယ်။
နယ်စပ်ကနေ နေ့စဉ်လိုလို မှောင်ခိုကုန်ကူးနေတဲ့သတင်းတွေလည်း ထွက်ပေါ်နေပြီး မြန်မာနိုင်ငံကနေ ခိုးဝင်လာတဲ့ အမျိုးသမီးတွေလည်း နယ်စပ်မှာ ဖမ်းဆီးမိတာလည်းရှိပါတယ်။ နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ရဲနဲ့ အာသံရိုင်ဖယ်တပ်တို့က တရားမဝင်ကုန်စည်တွေကို သိမ်းဆည်းလေ့ရှိပါတယ်။
Ref ; RFA

0 comments:

Post a Comment