Tuesday, June 16, 2020

နှစ်နိုင်ငံ နယ်စပ်စစ်မဲ့ဇုန်ကို ဝင်လာဖို့အဆင်သင့်ရှိနေတယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်

တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာရှိနေတဲ့ စစ်မဲ့ဇုန်ကို ဝင်လာဖို့အဆင်သင့်ရှိနေတယ်လို့ မြောက်ကို ရီးယားစစ်တပ်က သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားဘက်ရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံကထွက်ပြေးသွားသူတွေက မြောက်ကိုရီးယားဘက် ကို ဝါဒဖြန့်စာတွေပို့နေတာကိုတုံ့ပြန်ရာမှာ အခုခြိမ်းခြောက်မှုကလည်း တစိတ်တပိုင်းပါဝင်ပါတယ်။
ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေမှာ အဆင်သင့်ပြင်ထားဖို့ စစ်တပ်ကို အမိန့်ပေးထားတယ်လို့ မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအွန်ရဲ့ညီမ ကင်ယိုဂျွန်းက ပြောပါတယ်။ ရှေ့တန်းကို ခံတပ်အသွင်းပြောင်းဖို့ အဆင်သင့်ရှိနေပြီး တပ်အင်အားအသင့်အနေအထားပြင်ဆင်ထားတယ်လို့ လည်း မြောက်ကိုရီးယားစစ်တပ်ကပြောပါတယ်။
အမေရိကန်နဲ့ပူးပေါင်းပြီး မြောက်ကိုရီးယားစစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဒီနေ့မှာ ပြောပြီး မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကို ဒီနေ့မှာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။
Ref-People Media #Myanmar_Online_News
>>zawgyi<<
နှစ်နိုင်ငံ နယ်စပ်စစ်မဲ့ဇုန်ကို ဝင်လာဖို့အဆင်သင့်ရှိနေတယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်
Tuesday, June 16, 2020
တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာရှိနေတဲ့ စစ်မဲ့ဇုန်ကို ဝင်လာဖို့အဆင်သင့်ရှိနေတယ်လို့ မြောက်ကို ရီးယားစစ်တပ်က သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားဘက်ရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံကထွက်ပြေးသွားသူတွေက မြောက်ကိုရီးယားဘက် ကို ဝါဒဖြန့်စာတွေပို့နေတာကိုတုံ့ပြန်ရာမှာ အခုခြိမ်းခြောက်မှုကလည်း တစိတ်တပိုင်းပါဝင်ပါတယ်။
ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေမှာ အဆင်သင့်ပြင်ထားဖို့ စစ်တပ်ကို အမိန့်ပေးထားတယ်လို့ မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအွန်ရဲ့ညီမ ကင်ယိုဂျွန်းက ပြောပါတယ်။ ရှေ့တန်းကို ခံတပ်အသွင်းပြောင်းဖို့ အဆင်သင့်ရှိနေပြီး တပ်အင်အားအသင့်အနေအထားပြင်ဆင်ထားတယ်လို့ လည်း မြောက်ကိုရီးယားစစ်တပ်ကပြောပါတယ်။
အမေရိကန်နဲ့ပူးပေါင်းပြီး မြောက်ကိုရီးယားစစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဒီနေ့မှာ ပြောပြီး မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကို ဒီနေ့မှာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန် ထားပါတယ်။
Ref-People Media #Myanmar_Online_News

0 comments:

Post a Comment