Tuesday, June 16, 2020

နှစ်နိုင်ငံဆက်ဆံရေးရုံးကို မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများ ပြော

လွန်ခဲ့သောရက်ပိုင်းအတွင်း ပြန်လည်တင်းမာသည့် လက္ခဏာများပြသလျက်ရှိသော မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် နယ်စပ်ဖြစ်သော ၂၀၁၈ ခုနှစ်က ပြန်လည်တည်ဆောက်ခဲ့သည့် ကေဆောင်းမြို့အနီးရှိ နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီး လိုက်ကြောင်း တောင်ကိုရီးယားအစိုးရတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံသွားသူများက မြောက်ကိုရီးယားဘက်သို့ လက်ကမ်းစာစောင်များ ဖြန့်ဝေလျက် ရှိခြင်းကြောင့် တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံမှာ မကြာသေးခင် သီတင်းပတ်များအတွင်း ဆက်ဆံရေး ပြန်လည်တင်းမာလာခဲ့သည်။
မြောက်ကိုရီးယားက နှစ်နိုင်ငံခေါင်းဆောင်ချင်း ဆက်သွယ်စကားပြောသည့် အရေးပေါ်တယ်လီဖုန်းလိုင်းများ အပါအဝင် ကျန်ဆက်သွယ်ရေးလိုင်းအားလုံးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဖြတ်တောက်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ညီမ ကင်ယိုဂျောင် ထုတ်ပြန်သည့် ကြေညာချက်တွင် နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယား ကေဆောင်းမြို့အနီးတွင် တည်ရှိသော နှစ်နိုင်ငံဆက်ဆံရေးရုံးကို ‘ဝမ်းနည်ဖွယ် မြင်ကွင်းမျိုး’ ဖြင့် ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။
crd-The Voice Journal #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment