Thursday, June 18, 2020

ပေကျင်းတွင် အရေးပေါ်အခြေအနေကိုအဆင့်တိုးမြှင့်လိုက်ပြီး လေကြောင်းခရီးစဉ် ၁၂၅၀ ကျော်ရပ်နား

Coronavirus ရောဂါကူးစက်မှုတစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ COVID-19 အရေးပေါ်ဆောင်ရွက်မှုအခြေအနေကို အဆင့် ၂ ကနေ အဆင့် ၃ အထိတိုးမြှင့်လိုက်ပြီး ဆိုက်ရောက်လေကြောင်းခရီးစဉ် ၆၄၀ နဲ့ထွက်ခွာခရီးစဉ် ၆၁၅ ခုပါဝင်တဲ့ လေကြောင်းခရီးစဉ်ပေါင်း ၁၂၅၅ ခုကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ပေကျင်းမြို့တွင်းမှာ လူနေဧရိယာပေါင်းများစွာကို Lockdown ပြုလုပ်ထားပြီး သတ်မှတ်ထား တဲ့လူ နေဧရိယာ ၂၇ ခုအတွင်းမှာနေထိုင်သူတွေဟာ ရောဂါစစ်ဆေးမှုခံယူပြီးမှ မြို့တွင်းက ထွက်ခွာ ခွင့်ရ ရှိမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်ပြည်မကြီးမှာ ရောဂါကူးစက်ခံရသူ ၄၄ ဦးထပ်မံတွေ့ရှိခဲ့တဲ့အနက် ၃၁ ဦးက ပေကျင်းကဖြစ်တာကြောင့် ခြောက်ရက်အတွင်း ပေကျင်းမြို့မှာရောဂါကူးစက်ခံရသူ ၁၃၇ ဦးရှိ လာခဲ့ပြီဖြစ်ပါတယ်။
ဟီဘေးပြည် ၊ ကြက်ကြန်းပြည်နယ်၊ လျောင်နင်းပြည်နယ်နဲ့ စီချွမ်ပြည်နယ်တွေမှာလည်း ရောဂါပျံ့ ပွားမှုစတင်ခဲ့တဲ့ Xinfadi စျေးနဲ့ဆက်နွယ်ပြီး ရောဂါကူးစက်ခံရသူတွေရှိနေပါတယ်။
ပေကျင်းမြို့တွင်းမှာ မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေ၊ ကောလိပ်ကျောင်းတွေ၊ အားကစားပြိုင်ပွဲတွေ၊ ရေကူးကန်တွေနဲ့ အားကစားခန်းမတွေကို ပိတ်ထားပြီး ကုမ္ပဏီတွေနဲ့ စက်ရုံတွေကိုတော့ ဆက်ဖွင့်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

Ref ; Pyi Myanmar

0 comments:

Post a Comment