Tuesday, June 23, 2020

ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာတွင် (၁၁)နှစ်အရွယ်ကလေးငယ် မိကျောင်းကိုက်ချီသွားခြင်းခံရ

အမှုဖြစ်စဉ်မှာ ၂၂.၆.၂၀၂၀ရက် နေ့လည် ၃နာရီ၃၀မိနစ် အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မနိုးရုံးကျေးရွာအုပ်စု၁မနိုးရုံးကျေးရွာနေ မောင်ညီညီထွေး(၁၁)နှစ်၊ ကျောင်းသားနှင့် မောင်ဝေယံချစ်(၁၁)နှစ်၊ကျောင်းသားတို့ နှစ်ဦးသည် မနိုးရုံး ကျေးရွာအနောက်ဘက် (၃) ဖာလုံခန့်အကွာရှိမနိုးရုံးချောင်းတွင် ရေဆင်းကူးပြီးလှေဆိပ်နေရာအရောက်တွင် အရှည်(၁၀)ပေခန့်ရှိ မိကျောင်းတစ်ကောင်မှမောင်ညီညီထွေးအား ဆွဲယူကိုက်ချီသွားခဲ့ပြီး မောင်ဝေယံချစ်သည်ကမ်းစပ်ပေါ်သို့အော်ဟစ်ပြေးတက်သွားသည်ကို ဓနိဖက်ခုတ်ရာမှလက်လှော်လှေငယ်ဖြင့် ပြန်လာသူ ဦးခင်မောင်ဝင်း (၅၃)နှစ် မနိုးရုံးကျေးရွာနေသူမှတွေ့မြင်ရသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးထွန်းမြင့်သိန်းထံ အကြောင်းကြားခဲ့ရာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရွာသူရွာသားများမှမောင်ညီညီထွေးအား လိုက်လံရှာဖွေလျက်ရှိကြောင်းသိရှိရပါသည်။
Crd : နီနီလှိုင်(ပြည်ကြီးမဏ္ဍိုင်)S .H

0 comments:

Post a Comment