Friday, June 19, 2020

ရန်ကုန်မြို့ရှိ အဆောက်အဦ ပြိုကျပျက်စီးမှုများတွင် သက်တမ်းလွန်နေခြင်းနှင့် အရည်အသွေးမမီ ဆောက်လုပ်ခဲ့ခြင်းတို့ ပါဝင်နေ

၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ရန်ကုန်မြို့ရှိနေရာ (၃) နေရာတွင် အဆောက်အဦ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပါသည်။ ပြိုကျခဲ့သည့် အဆောက်အဦနှစ်ခုသည် လက်ရှိလူနေထိုင်သော (၄)ထပ်အဆောက်အဦများဖြစ်ပြီး ပြိုကျရသည့် အကြောင်းအရင်းများတွင် သက်တမ်းလွန်နေခြင်းနှင့် အရည်အသွေးမမီ ဆောက်လုပ်ခဲ့ခြင်းတို့ ပါ၀င်နေကြောင်း သိရှိရပါသည်။
လက်ရှိတိုက်ပြိုကျမှုဖြစ်ခဲ့သော စမ်းချောင်းမြို့ နယ်တွင် အထပ်မြင့်တိုက် အခန်းပိုင်ရှင်များမှ အရည်အသွေးပိုင်း စစ်ဆေးပေးရန် လျှောက် ထားမှသာ သက်ဆိုင်ရာမှ လာရောက်စစ်ဆေး မှုရှိကြောင်းနှင့် နောက်ထပ်သက်တမ်း လွန်နေ သောတိုက်များလည်း ရှိနေသေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရှိရပါသည်။
လူဦးရေ(၈)သောင်းခန့် နေထိုင်သော စမ်းချောင်းမြို့နယ်တွင် အထပ်မြင့် အဆောက်အဦ လေးပုံသုံးပုံခန့်ရှိပြီး အန္တရာယ်ရှိ အဆောက်အဦအနေနှင့် လက်တလောမျက်မြင်အနေအထား စာရင်းအရ (၃၀၀) ခန့်စိစစ်တွေ့ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရှိရပြီး ရန်ကုန်မြို့တွင် သက်တမ်း (၃၀) ဝန်းကျင်ရှိနေ‌သော ဟောင်ကောင်တိုက်များ အလုံး (၁၀၀၀)ကျော် ရှိနေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ သိရှိရပါသည်။
>>zawgyi<<
ရန်ကုန်မြို့ရှိ အဆောက်အဦ ပြိုကျပျက်စီးမှုများတွင် သက်တမ်းလွန်နေခြင်းနှင့် အရည်အသွေးမမီ ဆောက်လုပ်ခဲ့ခြင်းတို့ ပါဝင်နေ
Friday, June 19, 2020
၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ရန်ကုန်မြို့ရှိနေရာ (၃) နေရာတွင် အဆောက်အဦ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပါသည်။ ပြိုကျခဲ့သည့် အဆောက်အဦနှစ်ခုသည် လက်ရှိလူနေထိုင်သော (၄)ထပ်အဆောက်အဦများဖြစ်ပြီး ပြိုကျရသည့် အကြောင်းအရင်းများတွင် သက်တမ်းလွန်နေခြင်းနှင့် အရည်အသွေးမမီ ဆောက်လုပ်ခဲ့ခြင်းတို့ ပါဝင်နေကြောင်း သိရှိရပါသည်။
လက်ရှိတိုက်ပြိုကျမှုဖြစ်ခဲ့သော စမ်းချောင်းမြို့ နယ်တွင် အထပ်မြင့်တိုက် အခန်းပိုင်ရှင်များမှ အရည်အသွေးပိုင်း စစ်ဆေးပေးရန် လျှောက် ထားမှသာ သက်ဆိုင်ရာမှ လာရောက်စစ်ဆေး မှုရှိကြောင်းနှင့် နောက်ထပ်သက်တမ်း လွန်နေ သောတိုက်များလည်း ရှိနေသေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရှိရပါသည်။
လူဦးရေ(၈)သောင်းခန့် နေထိုင်သော စမ်းချောင်းမြို့နယ်တွင် အထပ်မြင့် အဆောက်အဦ လေးပုံသုံးပုံခန့်ရှိပြီး အန္တရာယ်ရှိ အဆောက်အဦအနေနှင့် လက်တလောမျက်မြင်အနေအထား စာရင်းအရ (၃၀၀) ခန့်စိစစ်တွေ့ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရှိရပြီး ရန်ကုန်မြို့တွင် သက်တမ်း (၃၀) ဝန်းကျင်ရှိနေ‌သော ဟောင်ကောင်တိုက်များ အလုံး (၁၀၀၀)ကျော် ရှိနေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ သိရှိရပါသည်။

0 comments:

Post a Comment