Tuesday, June 16, 2020

ဂုတ်တွင်းလမ်းခြောက်ထပ်ကွေ့နေရာ ပုံမှန်ဖြတ်သန်းနိုင်

ဇွန်လ၁၄ရက်နေ့နှင့် ၁၅ရက်နေ့များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂုတ်တွင်းလမ်းခြောက်ထပ်ကွေ့နေရာ၌တောင်ကျရေများ အရှိန်အဟုန်ဖြင့်စီးဆင်းကာအတက် အဆင်းကားများအချိန်ပိုင်းလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရပါသည်။
ယနေ့နံနက်ပိုင်းတွင်အတက်အဆင်းကားကြီးကားငယ်များပုံမှန်သွားလာနိုင်ပါပြီ။ ခြောက်ထပ်ကွေ့ နေရာ၌တင်ကျန်ခဲ့သောရွံ့စေးမြေများကို OHCကုမ္ပဏီမှဝန်ထမ်း အင်အားများစွာဖြင့်ရှင်းလင်းခြင်း'မြေပြိုကျသည့်နေရာများကို ပြန်လည်ပြုပြင်ခြင်းသဲအိတ်ဗြုန်းအိတ်များချထားပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်၌အတက်အဆင်းကို အလှည့်ကျလွတ်ပေးနေခြင်းကြောင့်ခေတ္တစောင့်ဆိုင်း
ရပါမည်။အတင်းကျော်တက်ခြင်းမပြုရန်လိုပါမည်။
လက်ရှိအချိန်၌မိုးထပ်ရွာလျှင်လမ်းပေါ်ရှိရွံ့စေးမြေများ ကြောင့်အတက်အဆင်းခက်ခဲနိုင်သည်။
သို့ဖြစ်ပါ၍ယာဉ်များအနေဖြင့်သတိထားပြီးစိတ်ရှည်စွာ သွားလာကြပါရန်အသိပေးပါသည်။ ကားကြီးများသည် ဂုတ်တွင်း၌အတက်အဆင်းထိန်းပြီးမောင်းနှင်နေရသဖြင့် ၎င်းအခက်အခဲဖြစ်စေမည့်အပြုအမူများရှောင်ရှားကာ နားလည်မှုရှိစွာသွားလာပေးကြဖို့မေတ္တာရပ်ခံပါသည်။
 
(16.6.2020 11:30am)
>>zawgyi<<

0 comments:

Post a Comment