Friday, June 26, 2020

အိန္ဒိယတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုများကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရ

အိန္ဒိယနိုင်ငံမှာ ပြင်းထန်တဲ့ မုတ်သုံရာသီ ဆက်လက်ဖြစ်ပေါ်နေပြီး နိုင်ငံမြောက်ပိုင်းမှာ မိုးကြိုးပစ်မှုတွေကြောင့် လူ ၁၀၇ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မိုးလေဝသဌာနက အနီရောင် သတိပေးချက်အဆင့် ထုတ်ပြန်ထားပြီး မိုးကြိုးပစ်မှုတွေ၊ မိုးကြီးမှုတွေ ဆက်ဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။
ကြာသပတေးနေ့က နိုင်ငံမြောက်ပိုင်း ဥတာပရာဒက်ရှ်နဲ့ ဘီဟာပြည်နယ်ရှိ ခရိုင်များစွာမှာ လေပြင်းမုန်တိုင်းတွေ ကျရောက်ခဲ့ပြီး မိုးကြိုးပစ်မှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ လယ်ကွင်းတွေမှာ လုပ်ငန်းလုပ်ကိုင်နေကြတဲ့ လယ်သမားအများစုဖြစ်ကြောင်း ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
မိုးကြိုးပစ်တာတွေကြောင့် ဘီဟာပြည်နယ် တစ်ခုတည်းမှာပဲ လူ ၈၃ ဦး သေဆုံးခဲ့ကာ ယင်း အနီးဝန်းကျင်ဒေသတွေမှာ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ မိုးကြိုးထိမှန်တဲ့ အပူလောင်ဒဏ်ရာတွေနဲ့ ဒေသတွင်း ဆေးရုံတွေမှာ တက်နေရသူ ဒါဇင်များစွာရှိနေပြီး အရေးပေါ် ကုသမှုပေးနေရတယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ မုတ်သုံရာသီကြောင့် နေအိမ်တွေ ပျက်စီးခဲ့သလို သစ်ပင်တွေ၊ ဓါတ်တိုင်တွေ လဲကျခဲ့ပါတယ်။
မိုးကြိုးဒဏ်ကြောင့် နေ့စဉ်လူသေဆုံးမှု တိုးလာနေမှုဟာ ပြည်နယ်မှာ နှစ်များစွာအတွင်း အဆိုးဆုံးအနေအထားဖြစ်နေတယ်လို့ ဘီဟာပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေး ဝန်ကြီး လက်ရှ်မီရှဝါ ရိုင်က AFP သတင်းကို ပြောခဲ့ပါတယ်။
လက်ရှိကာလမှာ ရာသီဥတုပိုမိုဆိုးရွားလာနိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းထားကြပြီး ဒေသခံတွ နိုးနိုးကြားကြားရှိဖို့နဲ့ နေအိမ်မှာသာနေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
Ref : BBC

0 comments:

Post a Comment