Monday, June 15, 2020

ရွေးကောက်ပွဲတွေ နီးကပ်လာတာနဲ့အတူ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံနေတဲ့ကြားက မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း တတိယမြောက် အထွေထွေရွေး ကောက်ပွဲကို ကျင်းပဖို့ စီစဥ်ထားပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးပါတဲ့ ဖွံ့ဖြိုးတိုး တက်မှုဖြစ်ပါတယ်။
ဒါပေမယ့် အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးကုန်ကူးတာတွေ၊ အကြမ်းဖက်မှုတွေ ၊မြင့်တက်လာတာကို တွေ့ရပါတယ်။ အစီရင်ခံစာတွေအရ အာဏာပိုင်တွေဟာ မကြာသေးခင်က ရှမ်းပြည်နယ်မှာ ကျပ် ၁.၄ ဘီလျံ(အမေရိကန်ဒေါ်လာ ၁ သန်းကျော်)တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွတ်ဆေးပြား၇၁၁၀၀၀ ကျော်ကို ဖမ်းမိခဲ့ပါတယ်။
မူးယစ်ဆေးဝါး အလွဲသုံးမှုထိန်းချုပ်ရေးဗဟို ကော်မတီ(CCDAC)က ဇွန် ၁၃ ရက်မှာ စိတ်ကြွဆေးပြားတွေဖမ်းမိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။အလားတူအဖြစ်အပျက်တစ်ခုမီာ ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်အမျိုးသမီး ၂ ဦးထံကနေ ကျပ် ၄၅၉ သန်း (အမေရ်ကန်ဒေါ်လာ ၃၀၆၀၀၀)တန်ဖိုးရှိ မူးယစ်ဆေးတွေကို ဖမ်းမိခဲ့ပါတယ်။
သတင်းတွေအရ ၂၀၂၀ ဇွန် ၆ ရက်နေ့အထ်မြန်မာနိုင်ငံတစ်ဝမ်းလုံးမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့အမှုပေါင်း ၁၁၆၉ မှုရှိပြီး လူပေါင်း ၁၈၁၁ ဦးကို ၂၀၁၈ က ဖွဲ့စည်းခဲ့တဲ့ မူးယစ်​ဆေးဝါး လှုပ်ရှားမှု အထူးတိုင်ကြားမှုဌာနက တရားစွဲ့ခဲ့တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့အတူ အကြမ်းဖက်မှုတွေလည်း မြင့်တက်လာပါတယ်၊မကြာသေးခင်ရက်သတ္တပါတ်တွေက ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြ်ု့မှာ ရခိုင်အမျိုးသားပါတီ(ANP)ပါတီဝင် ၆ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။
AA နဲ့ မြန်မာအစိုးရတို့ဟာ နှစ်ပေါင်းများစွာအတွင်း တိုင်းပြည်မှာ အပြင်းထန်ဆံားပဋိပက္ခတွေ ဖြစ်လာခဲ့ပါတယ်၊နှစ်ဖက်ပဋိပက္ခတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတာတောင်မှပဲ လျော့ပါးမယ့်လက္ခဏာမတွေ့ရပါဘူး၊အစိုးရက AAကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်တာက အခြေအနေတွေကို ပိုဆိုးရွားလာစေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၈ လအတွင်း အကြမ်းဖက်မှုအဆင့်နဲ့ပဋိပက္ခတွေရဲ့ ပြင်းထန်မှာ ၂ ခုစလုံး တိုးလာတာကို တွေ့ရပါတယ်၊ဘင်္ဂါလီ (မူလဆောင်းပါးမှာရိုဟင်ဂျာလို့သုံးထား) ၇၀၀၀၀၀ ​အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတဲ့ သွးခြာယအကျပ်အနည်းကြောင့်ရခိုင်ပြည်နယ်ဟာ ပျက်စီးသွားခဲ့ပြီးပြီဖြစ်ပါတယ်။
Source - ရွှေတြိဂံဒေသသတင်းလွှာ

0 comments:

Post a Comment