Wednesday, June 10, 2020

အတိုးများသည့် တရုတ် ချေးငွေများကို သတိပြုသင့်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဆို

အတိုးနှုန်းများသည့် ချေးငွေများအား စီမံကိန်းအဖြစ်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် သတိပြုသင့်ကြောင်း၊ လက်ရှိ တရုတ်နိုင်ငံက ချေးငွေများသည် ကမ္ဘာ့ဘဏ်များက ချေးငွေများထက် အတိုးနှုန်းများသည့် အတွက် သတိပြုသင့်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။
"တရုတ်ပြည်က ချေးငွေတွေက တကယ်ပြောကြ စတမ်းဆိုရင် ကမ္ဘာ့ဘဏ်တို့၊ IMF တို့က ချေးတာထက် စာရင် အတိုးနှုန်းတွေက အများကြီးမြင့်ပါတယ်။ အထူး သဖြင့်ပေါ့။ အဲဒီလို အတိုးနှုန်းများတဲ့ ချေးငွေတွေနဲ့ပတ်သက်ပြီးတော့ ပရောဂျက်အဖြစ် သုံးစွဲတဲ့အခါမှာ သက်ဆိုင်ရာဌာနတွေအနေနဲ့ သတိပြု သင့်ပါတယ်"ဟု ဦးမော်သန်းက ပြောဆို သည်။
နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရုံးတွင် ဇွန်၈ရက်မွန်းလွဲပိုင်း က ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်ပချေးငွေများနှင့်ပတ်သက်၍ မီဒီယာ များ၏မေးမြန်းမှုအပေါ် စာရင်းစစ်ချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် လက်ရှိ ကမ္ဘာ့ ဘဏ်အပါအဝင် ပြည်ပအဖွဲ့အစည်း များထံမှ ချေးငွေများ ရယူနေခြင်းဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလတွင် လည်း ကိုဗစ်(၁၉)ကုစားရေးအပါအဝင်စီမံကိန်းများဆောင်ရွက်ရန် ပြည်ပချေးငွေ ရှစ်ခုကို ရယူရန် လွှတ်တော်က သဘော တူအတည်ပြုခဲ့သည်။
crd-စံတော်ချိန် #Myanmar_Online_News
>>zawgyi<<
အတိုးများသည့် တရုတ် ချေးငွေများကို သတိပြုသင့်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဆို
Wednesday, June 10, 2020
အတိုးနှုန်းများသည့် ချေးငွေများအား စီမံကိန်း အဖြစ်သုံးစွဲရာတွင် သက်ဆိုင်ရာ ဌာနများအနေဖြင့် သတိပြုသင့်ကြောင်း၊ လက်ရှိ တရုတ်နိုင်ငံက ချေးငွေများသည် ကမ္ဘာ့ ဘဏ်များက ချေးငွေများထက် အတိုးနှုန်းများသည့် အတွက် သတိပြုသင့်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော် သန်းက ပြောကြားသည်။
"တရုတ်ပြည်က ချေးငွေတွေက တကယ်ပြောကြ စတမ်းဆိုရင် ကမ္ဘာ့ဘဏ်တို့၊ IMF တို့က ချေးတာထက် စာရင် အတိုးနှုန်းတွေက အများကြီးမြင့်ပါတယ်။ အထူး သဖြင့်ပေါ့။ အဲဒီလို အတိုးနှုန်းများတဲ့ ချေးငွေတွေနဲ့ပတ်သက်ပြီးတော့ ပရောဂျက်အဖြစ် သုံးစွဲတဲ့အခါမှာ သက်ဆိုင်ရာဌာနတွေအနေနဲ့ သတိပြု သင့်ပါတယ်"ဟု ဦးမော်သန်းက ပြောဆို သည်။
နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရုံးတွင် ဇွန်၈ရက်မွန်းလွဲပိုင်း က ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်ပချေးငွေများနှင့်ပတ်သက်၍ မီဒီယာ များ၏မေးမြန်းမှုအပေါ် စာရင်းစစ်ချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် လက်ရှိ ကမ္ဘာ့ ဘဏ်အပါအဝင် ပြည်ပအဖွဲ့အစည်း များထံမှ ချေးငွေများ ရယူနေခြင်းဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလတွင် လည်း ကိုဗစ်(၁၉)ကုစားရေးအပါအဝင်စီမံကိန်းများဆောင်ရွက်ရန် ပြည်ပချေးငွေ ရှစ်ခုကို ရယူရန် လွှတ်တော်က သဘော တူအတည်ပြုခဲ့သည်။
crd-စံတော်ချိန် #Myanmar_Online_News

0 comments:

Post a Comment