Thursday, June 25, 2020

အိန္ဒိယမှာ ကိုဗစ်လူနာ စံချိန်တင်မြင့်တက်နေတာကြောင့် စစ်ဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုတွေ ကုသရေးမှာ ပါဝင်အားဖြည့်ဖို့အစိုးရ တောင်းဆို

အိန္ဒိယနိုင်ငံမှာ ဇွန် ၂၄ က ကိုရိုနာဗိုင်းရပ်စ် ထပ်တိုး ကူးစက်ဦးရေ ၁၆၀၀၀ ရှိခဲ့ကာ ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက အမြင့်ဆုံး ကူးစက်မှု အရေအတွက်ဖြစ်ခဲ့ပါတယ်။ ဗိုင်းရပ်စ် လူနာတွေ မြင့်တက်နေတာကြောင့် နယူဒေလီမှာ ထပ်တိုးဖြည့်ဆည်းထားတဲ့ လူနာကုတင် ထောင်ချီဆန့် ကုသရေးစင်တာတွေမှာ စစ်တပ် ဆေးဝန်ထမ်းတွေ တာဝန်ယူပေးဖို့ အစိုးရက တောင်းဆိုခဲ့ပါတယ်။
ရိုက်တာသတင်းဌာနက ကောက်ယူပြုစုမှုအရ အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၄၅၆၀၀၀ ကျော် သွားခဲ့ပြီဖြစ်ကာ အမေရိကန်၊ ဘရာဇီး၊ ရုရှားတို့ပြီးရင် ရောဂါကူးစက်ဖြစ်ပွားမှု စတုတ္ထမြောက် အဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လအနှောင်းပိုင်းက စတင် ပြဌာန်းထားခဲ့တဲ့ lockdown သတ်မှတ်ချက်ကို ပြည်နယ်အစိုးရတွေက ဖြေလျှော့မှုတွေ လုပ်နေပြီဖြစ်တာကြောင့် ပိုးကူးစက်သူဦးရေဟာ ဆက်တိုးနေမယ်လို့ မျှော်လင့်ရပါတယ်။
လူဦးရေ သန်း ၂၀ ကျော်လောက် ရှိနေတဲ့ မြို့တော် နယူးဒေလီဟာလည်း ဗုဒ္ဓဟူးနေ့ရဲ့ နေ့စဉ်ပိုးကူးစက်ဦးရေ တွေ့ရှိမှုဟာ အမြင့်ဆုံး စံချိန်တင်သွားခဲ့ပြီး ပိုးတွေ့သူ ၃၉၀၀ ကျော်ရှိခဲ့ပါတယ်။ ဒေသဆိုင်ရာ အစိုးရရဲ့ အချက်အလက်အရ မြို့တော်မှာ အကြမ်းအားဖြင့် COVID-19 လူနာ ၁၃၄၀၀ စာအတွက် ကုတင်တွေ ရှိထားပြီး ယင်းတို့ထဲက ၆၂၀၀ ဟာ လူနာတွေ ရှိနေပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မြို့တော်မှာ နောက်သီတင်းပတ်တွေအတွင်း စစ်ဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုတွေ တာဝန်ထမ်းဆောင်မယ့် ယာယီ ဆေးရုံတွေနဲ့ လူနာကုတင် ၂၀၀၀၀ ဝန်းကျင် ရှိလာမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ယင်းမှာ ဘာသာရေးစင်တာတစ်ခုရှိ ကုတင် ၁၀၀၀၀ ဆံ့အဆောက်အအဦနဲ့ လူစီးရထားတွဲတွေကို လူနာဆောင်တွေအဖြစ် အသွင်ပြောင်းခဲ့ခြင်းတို့လည်း ပါဝင်ကြောင်း သိရပါတယ်။ ဒေလီရှိ ရထားတွဲတွေမှာ ထားရှိတဲ့ လူနာတွေကို ပြုစုကုသပေးဖို့အတွက် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အသေးစိတ် ရှင်းလင်းပြောဆိုထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အမစ် ရှားရှ်က ပြောဆိုပါတယ်။
မြို့တော်ဒေလီရဲ့ ကိုဗစ် လူနာဦးရေဟာ ဇူလိုင်လကုန်လောက်မှာ ၅၅၀၀၀၀ အထိ ရောက်ရှိနိုင်ကြောင်း မြို့တော်အစိုးရက ခန့်မှန်းထားပြီး နောက်ပိုင်း ကုတင် ၁၅၀၀၀၀ အထိ ထပ်လိုလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment