Tuesday, June 16, 2020

မြန်မာ့စီးပွားရေး ပြန်လည်ကုစားရန် နိုင်ငံတကာချေးငွေ ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ ရရှိ

ကမ္ဘာ့ကပ်ရောဂါကိုဗစ်ကြောင့် ထိခိုက်သော မြန်မာ့စီးပွားရေးပြန်လည်နိုးထနိုင်ရန် နိုင်ငံတကာချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစာရေးဆိုင်ရာများနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းမှတစ်ဆင့် ရုပ်သံမှတ်တမ်းဖြင့် ဆွေးနွေးရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အမေရိကန် ဒေါ်လာ သန်း ၇၀၀၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၂၇၀ ၊ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၅၀ နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် အထည်ချုပ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း အပါအဝင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း သုံးထောင်ကျော်အတွက် ပြည်သူ့ဘဏ္ဍာငွေထဲမှ ကျပ် ၈၆ ဘီလီယံကျော် ချေးခွင့်ပြုထားပြီဖြစ်ကြောင်း COVID – 19 ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုအများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသောင်းထွန်းက ပြောဆိုသည်။
crd-The Voice Journal #Myanmar_Online_News
>>zawgyi<<
မြန်မာ့စီးပွားရေး ပြန်လည်ကုစားရန် နိုင်ငံတကာချေးငွေ ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ ရရှိ
Tuesday, June 16, 2020
ကမ္ဘာ့ကပ်ရောဂါကိုဗစ်ကြောင့် ထိခိုက်သော မြန်မာ့စီးပွားရေးပြန်လည်နိုးထနိုင်ရန် နိုင်ငံတကာချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစာရေးဆိုင်ရာများနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းမှတစ်ဆင့် ရုပ်သံမှတ်တမ်းဖြင့် ဆွေးနွေးရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အမေရိကန် ဒေါ်လာ သန်း ၇၀၀၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၂၇၀ ၊ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၅၀ နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် အထည်ချုပ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း အပါအဝင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း သုံးထောင်ကျော်အတွက် ပြည်သူ့ဘဏ္ဍာငွေထဲမှ ကျပ် ၈၆ ဘီလီယံကျော် ချေးခွင့်ပြုထားပြီဖြစ်ကြောင်း COVID – 19 ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုအများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသောင်းထွန်းက ပြောဆိုသည်။
crd-The Voice Journal #Myanmar_Online_News

0 comments:

Post a Comment