Monday, June 15, 2020

ကိုရိုနာဗိုင်းရပ်စ်အား ပထမဆုံးအကြိမ် အောင်မြင်စွာကျော်လွှာနိုင်ခဲ့ကြောင်း ပြင်သစ်သမ္မတပြောကြား

ပြင်သစ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ဆန့်ကျင်တိုက်ဖျက်ရေးတွင် ပထမဆုံးအကြိမ် အောင်မြင်မှု ရရှိခဲ့ကြောင်းနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးကိုလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ်-မက်ခရွန် ကပြောကြားခဲ့ကြောင်းသိရပါသည်။
မနေ့ ညနေ့ကပြုလုပ်ခဲ့သည့် ရုပ်မြင်သံကြားမိန့်ခွန်းအတွင်း သမ္မတမက်ခရွန်က ကပ်ရောဂါဆိုးကြီးကို ဆန့်ကျင်တိုက်ဖျက်ရေးကတော့ မပြီးဆုံးသေးပေမဲ့ ကူးစက်ဖြစ်ပွားမှုများကတော့ နိုင်ငံတွင်းတွင် အများစုအားဖြင့် ထိန်းချုပ်ထားနိုင်ငံခဲ့ပြီဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ဒီကနေ့မှ စတင်ကာ တားမြစ်ကန့်သတ်မှုများကို ဖြေလျှော့ခြင်းအဖြစ် ပဲရစ်မြို့ပြင်နှင့်မြို့တွင်းရှိ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များသည် ပြန်လည်ဖွင့်လှစ်ခွင့်ရရှိမှာဖြစ်ပါသည်။ ၎င်းပြင် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်များကို အကူအညီဖြစ်စေမည့် ကြိုးပမ်း အားထုတ်ချက်များကိုလဲ ပြောကြားခဲ့သလိုအစိုးရအနေနှင့် အမေရိကန်ဒေါ်လာ(၅၆၂)ဘီလီယံခန့် ထောက်ပံ့ပေးခဲ့ကြောင်းလဲ သမ္မတမက်ခရွန်က ပြောကြားခဲ့ပါသည်။
Ref ; MRTV

0 comments:

Post a Comment