Friday, June 26, 2020

ဖားကန့် ကျောက်စိမ်းမြို့တော်သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့် ခေါ်ဆောင်လာသူများကိုဖမ်းဆီးရမိ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မကားပင်ကျေးရွာအနီးရှိ ဆပ်ပြားချောင်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက တရားဝမဝင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသား (၂)ဦးနှင့် ၎င်းတို့အား ခေါ်ဆောင်လာကြသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးနှင့်အတူ ၎င်းတို့အား ခေါ်ဆောင်လာသူနှင့် ယာဉ်မောင်းဖြစ်သူတို့ ကို လဝကအက်ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဖားကန့်မြို့၊ လုံခင်းရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်းသိရသည်။
အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးမှာ Mr Qi Xing နှင့် Mr Teng Zhanfeng ဆိုသူတို့ဖြစ်ပြီး ၎င်းတို့အား ခေါ် ဆောင်လာသူမှာ ဦးထွန်းရှင်၊ (၂၅)နှစ်၊ (ဘ) ဦးဖူကွေး၊ နယ်မြေ(၁)၊ ရပ်ကွက်(၅)၊ လားရှိုးမြို့နေထိုင်သူ ဖြစ် ကြောင်းနှင့် ယာဉ်မောင်းမှာ ကိုမင်းဇော်၊ (၃၆)နှစ်၊ (ဘ) ဦးထွန်းတင်၊ ယာဉ်မောင်း၊ ဆယ်ဇင်းကျေးရွာ ဖားကန့် မြို့နယ် နေထိုင်သူဖြစ်ကြောင်းသိရသည်။
၎င်းတို့အား စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးနှင့် ဦးထွန်းရှင်ဆိုသူမှာ မန္တလေး- မိုးညှင်း - ဟိုပင်- အင်းတော်ကြီး - မကားပင်လမ်းအတိုင်း ကိုမင်းဇော်မောင်းနှင်သည့် Pajero မော်တော် ယာဉ်ဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - နေနော်
Crd : People

0 comments:

Post a Comment