Wednesday, June 17, 2020

မုဒုံမြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၌ စံချိန်တင် မူးယစ်ဆေးဝါး အပြား (၁၃၉၀၀၀)ကျော် ကာလတန်းဖိုး သန်းပေါင်း ၆၉၀ ကျော်အား ဖမ်းဆီးရမိ

မွန်ပြည်နယ် မုဒုံမြို့နယ် သိန်းကမ္ဘာမိုတယ်ရှေ့၌ ၁၇.၆.၂၀၂၀ ရက်နေ့ နံနက် ၁ နာရီချိန်ခန့်တွင် ပြည်နယ်မူးယစ်ဆေးဝါးဖမ်းဆီးရေး အဖွဲ့မှ ဒုရဲမှူး လင်းထူး၊ အမှတ်(၃၈)မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)မှ ဒုရဲမှူး စောမိုးအောင်၊ မွန်ပြည်နယ်မှုခင်းအကူဌာနစုမှ ရဲအုပ် ဇော်ထိုက် ၊ မော်လမြိုင်ခရိုင်မှုခင်းဌာနစုမှ ရဲအုပ် စောကိုကို၊ မုဒုံမြို့မရဲစခန်းမှဒုစခန်းမှူး ရဲအုပ် ဇော်မင်းအောင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့ တို့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်း နေကြစဉ် သံဖြူဇရပ်မြို့ ဘက်မှ မုဒုံမြို့ ဘက်သို့လာသော ကုန်တင်ကားပေါ်မှ ပီနံအိတ် အထုပ်ကြီး(၁)ထုပ်အားထမ်း၍ ဆင်းလာသူ အောင်အောင်(၃၉)နှစ် ရွှေညောင်ပင်ရပ် ၊ မြို့မ ၂ ရပ်ကွက် မုဒုံမြို့နေသူအား ဖမ်းဆီးစစ်ဆေးရာ ၎င်းထမ်းလာသော ငါး ပုဇွန်ရုပ်ပုံပါ ပီနံအိတ်အတွင်းမှ မှိိုင်းကိုင်စက္ကူနှင့်ပလပ်စတစ်ကပ်ခွာအိတ် အထုတ်အကြီး/ အသေးတို့ ဖြင့်ထည့်ထားသော WY+R စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြားစုစုပေါင်း ၁၃၆၉၀၀ ပြား (ကာလတန်ဖိုး သိန်းပေါင်း ၉၆၈၀) အား တွေ့ရှိရသဖြင့် မေးမြန်းရာ အောင်အောင်မှ သိန်းကမ္ဘာဟိုတည်အတွင်းတည်ခိုနေသူ ဥက္ကာဇော်(၂၄)နှစ် တောင်ကြီးမြို့နေသူထံ လာရောက်ပို့ဆောင်ကြောင်း သိရသဖြင့် ၎င်းတို့နှစ်ဦးအား ဖမ်းဆီး၍ မုဒုံမြို့မရဲစခန်း မူးယစ်(ပ)၄၅/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၉(က) /၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မုဒုံမြို့နယ်အတွင်း ယခင်က ၂၀၁၈ ခုနှစ်၌ မူးယစ်ဆေးဝါး အပြားရေ ၂၉၀၀၀ ခန့် ဖမ်းဆီးရမိပြီး ယခုသည် ၂၀၂၀ ခုနှစ်၌ စံချိန်တင် ဖမ်းဆီးရမိခြင်းဖြစ်ပါသည်။
Crd : အမွှာညီနောင်

0 comments:

Post a Comment