Thursday, June 18, 2020

ကျောင်းမြေ လန(၃၉)ကို လိမ်လည်လျှောက်ထားသည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ကျောင်းဆရာနှင့် ကျောင်းအကျိုးဆောင် တို့ကို ယနေ့စွဲချက်တင်

ဒေးဒရဲမြို့နယ် လေးကျေးရွာရှိ ကျောင်းမြေ လန(၃၉)ကို လိမ်လည် လျှောက်ထားသည်ဟုဆိုကာ ကျောင်းဆရာ နှင့် ကျောင်းအကျိုး ဆောင်တို့ကို ၂၀၁၈ခုနှစ် သြဂုတ်လ ၂ရက်နေ့က တရားစွဲဆို ခဲ့ပြီး ယနေ့မှာ တရားရုံးက စွဲချက်တင်လိုက်ပါတယ် ။
စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေက " ဦးခင်လတ် တရားလိုလုပ်တဲ့အမှုမှာ ၄၂၀/၄၆၈နဲ့စွဲချက်တင်လိုက်တယ်။
ဒါကိုပြန်ဖြေရှင်းရမယ့် တာဝန်တော့ကျတယ်။စစ်ပြီးသွားတဲ့ ကာလ တလျှောက်မှာတော့ စွဲချက်တင်ခံရတဲ့သူမှာ အပြစ်မရှိကြောင်းပေါ် ပေါက်ပါတယ် ။ ဒါပေမယ့် ရုံးတွေအများစုကတော့စွဲချက်ကိုအ လွယ်တကူ ဖြုတ်ပေးတာမရှိဘူး ။ ဖြေရှင်းဖို့တာဝန်ပြန်ပေးတာတော့ ရှိတယ် ။ စွပ်စွဲခံရတဲ့သူဘက်ကတော့ အားသာပါတယ် "ဟုယနေ့ ရုံးချိန်းအပြီးမှာ ပြောဆိုခဲ့ပါသည်။
စွပ်စွဲခံရသူနှစ်ဦးကို ပုဒ်မ ၄၂၀ / ၄၆၈ တို့ဖြင့်တရားစွဲဆိုခဲ့ပြီး ၂၀၁၈ သြဂုတ်လ ၁၃မှာ ပုဒ်မ ၄၉၇(၁)အရ အာမခံပေးခဲ့သည်ဟုသိရသည်။အဆိုပါအမှုသည် တနှစ် နှင့် ၁၀လကျော်ကြာရှိပြီး ရုံးချိန်းပေါင်း ၄၉ချိန်းရှိပြီဖြစ်သည် ။
" ဘယ်သူထိုးထားမှန်းမသိတဲ့ လက်မှတ်ကို မှင်ဖျက်ဆေးနဲ့ဖျက်ပြီး လက်မှတ်ထိုးထားတယ် ။အဲ့ဒါကို လက်မှတ်အတုထိုးတယ်ဆိုပြီး တရားရုံးမှာ တင်ပြထားပြီးတရားစွဲဆိုခဲ့တာပါ ။" ဟုစွပ်စွဲခံရသူ မိသားစုဝင်တဦးက ဆိုသည်။
ကျောင်းဆရာနှင့် ကျောင်းအကျိုးဆောင်တို့မတရား တရားစွဲဆိုခံထားခြင်းအပေါ် ပညာရေးဝန်ထမ်းများနှင့် ဒေသခံ ၄၀၀ခန့်က လည်း ၂၀၁၈ခုနှစ် သြဂုတ်လ ၁၂ရက်နေ့က ဒေးဒရဲမြို့တွင်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
Ref ; News Ambassador

0 comments:

Post a Comment