Monday, June 15, 2020

ဒီးမော့ဆိုမြို့နယ်က ဝက် အကောင် ၁၅၀ လောက် ဖျားနာပြီး သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဝက်တွေဖျားနာပြီး သေဆုံးနေတာ အကောင်ရေ ၁၅၀ လောက်ရှိနေပြီလို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဒေါငံရောက် ကျေးရွာမှာ ဝက်တွေ မေလဆန်းထဲက ဝက်တွေ သေဆုံးနေတာဖြစ်ပြီး ဒီရက်ပိုင်း အနီးအနားက ကျေးရွာတွေမှာပါ ဝက်တွေ ဖျားနာတာတွေ ရှိလာကြောင်း ဒေါငံရောက် ကျေးရွာ ဥက္ကဋ္ဌ ဦးဝီဇင်းရှိုက ပြောပါတယ်။ အစပိုင်းမှာတော့ ဝက်တွေ သေဆုံးတာ ရိုးရိုး ဖျားနာတာလို့ပဲထင်ပြီး ရောင်းဝယ်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
“သူသေတာတော့ ဖျားတာတော့ ရိုးရိုးဖျားတာလို့ပဲထင်ထားတယ်။ ပြီးတော့ ကိုယ်ကလည်းပေါ်စားတယ် နောက်ကြာလာတော့ တဖြည်းဖြည်းချင်း များလာတော့ မစားချင်ကြတော့ဘူး မစားချင်ကြတော့ မြှုပ်တဲ့လူမြှုပ်၊ ဒိုင်တွေဆီကိုရောင်းပေး ဒိုင်လည်း ဈေးပေါပေါနဲ့ပဲဝယ်တော့ အကုန်လုံးပါကုန်တယ်။”
ရွာသူရွာသားတွေက ဝက်တွေသေဆုံးတဲ့ အကြောင်းအရင်းကို မသိရသေးတဲ့အတွက် လူကိုပါ ကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။ဒီးမော့ဆိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ နော်ရီစေးဘယ်ကတော့ ဝက်တွေ သေဆုံးရတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် ဝက်တွေသေဆုံးနိုင်တဲ့ အခြေအနေတွေထဲမှာ ကာကွယ်ဆေး ကြိုတင်ထိုးထားတာ၊ တစ်ခြားလိုအပ်တဲ့ ဆေးတွေကို မထိုးထားတာ၊ ဖြစ်ဖြစ်ခြင်းသက်ဆိုင်ရာ တိရိစ္ဆာန်ကုသရေးဌာနကို အ ကြောင်းကြားမယ်ဆိုရင် ပြန်လည်ကောင်းမွန်နိုင်ချေ ရှိတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ မွေး၊ ကုဌာနအနေနဲ့ တိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး လက်ကမ်းစာစောင်တွေ ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ငန်းတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဝက်တွေမသေဆုံးခင်မှာ အစာမစားတာ၊ ဝမ်းလျှောတာ၊ အန်တာတွေ တွေ့ရပြီး ၃ ရက်မှ တစ်ပတ်အတွင်း သေဆုံးသွားတာလို့ သိရပါတယ်။
တစ်ချို့သောဝက်တွေက အန်တဲ့ အခါနဲ့ ဝမ်းလျှောတဲ့အခါတွေမှာ သွေးပါတတ်ပြီး ရွာသူရွာသားတွေက မိရိုးဖလာ ကုထုံးတွေနဲ့ ကုသပေမယ့်လည်း ပြန်လည်ကျန်းမာမှုမရှိပဲ သေဆုံးကြတာလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ ဖျားနာတဲ့ ဝက်တွေကို မစားဖို့ စည်းကမ်းမဲ့မစွန့်ပစ်ဖို့ စနစ်တကျမြုပ်နှံဖို့၊ ဝက်ခြံနှင့် မြုပ်နှံထားတဲ့နေရာတွေကို ထုံး ဖြူးပေးဖို့၊ ဝက်စား၍ကျန်ရှိတဲ့ အစာအကြွင်းတွေကို စနစ်တကျသွန်ပစ်ဖို့ စသည့်နည်းလမ်းများဖြင့်လည်း ကူးစက်မှုကို ကာကွယ်နိင်တယ်လို့ဆိုပါတယ်။
တစ်ချို့ရွာသူရွာသားတွေကတော့ သေဆုံးသွားတဲ့ဝက်တွေကို စနစ်တကျမြုပ်နံှမှုမရှိပဲ စည်းကမ်းမဲ့စွာ စွန်ပစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စားဝတ်နေရေးအထောက်အကူရဖို့ ဒေသခံတွေ မွေးမြူထားတဲ့ ဝက်တွေသေဆုံးသွားတာကြောင့် ငွေကြေး အခက်အခဲ ကြုံနေရပြီး အစိုးရက ဝက်မျိုးစိတ့်တွေကို ပြန်ချပေးရင် ဒေသခံတွေ ရဲ့ အခက်အခဲတွေ ပြေလည်နိုင်တယ်လို့ ဒေါးငံရောက် ဆယ်အိမ်မှုး ဦးအန်တေားညိုက ပြောပြပါတယ်။
Ref ; RFA

0 comments:

Post a Comment