Sunday, June 21, 2020

ညောင်ရွှေ၊ ပင်လုံနဲ့ လွိုင်လင်မြို့တို့ရှိ သစ်ပင်မပေါက်တဲ့ တောင်ကတုံးတွေမှာ သစ်စေ့မြေလုံး ၄၅၀၀၀၀ကို ရဟတ်ယာဉ်နဲ့ ကြဲချစိုက်ပျိုး

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းက ညောင်ရွှေ၊ ပင်လုံနဲ့ လွိုင်လင်မြို့တို့ရှိ သစ်ပင်မပေါက်တဲ့ တောင် ကတုံးတွေမှာ သစ်စေ့မြေလုံး ၄၅၀၀၀၀ကို ရဟတ်ယာဉ်နဲ့ ကြဲချစိုက်ပျိုးထားကြောင်း ရှမ်းပြည်နယ်သစ် တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးထံမှ သိရပါတယ်။
လွိုင်လင်မြို့နဲ့ ပင်လုံမြို့တို့ရှိ သစ်ပင်မပေါက်တဲ့ တောင်ကတုံးတွေမှာ ဇွန်လ ၂၀ရက်က သစ်စေ့မြေလုံး ၁၅၀၀၀၀ကို ရဟတ်ယာဉ်နဲ့ ကြဲချစိုက်ပျိုးထားပြီး ညောင်ရွှေမြို့ရှိ သစ်ပင်မပေါက်တဲ့ တောင်ကတုံးတွေမှာ ဇွန်လ ၁၉ရက်က သစ်စေ့မြေလုံး ၃၀၀၀၀၀ကို ရဟတ်ယာဉ်နဲ့ ကြဲချစိုက်ပျိုးထားကြောင်း သိရပါတယ်။
“ပင်လုံနဲ့ လွိုင်လင်မှာ တစ်သိန်းခွဲ၊ ညောင်ရွှေမှာက ၃သိန်းကို ရဟတ်ယာဉ်နဲ့ ကြဲချစိုက်ပျိုးပြီးပါပြီ။ တခြားမြို့တွေမှာလည်း ထပ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ရဲ့ ရ ဟတ်ယာဉ်အကူအညီနဲ့ ပြုလုပ်ခဲ့တာပါ။ သစ်စေ့မြေလုံး ၄၅၀၀၀၀ကိုတော့ ထင်းရှူး၊ ချယ်ရီ၊ ရေသင်းဝင် အစရှိတဲ့ အကြီးမြန်သစ်ပင်မျိုးစိတ်တွေရဲ့ သစ်စေပေါင်း ၁၃သိန်းကျော်နဲ့ပြုလုပ်ထားတာပါ”လို့ ရှမ်းပြည် နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။
အဆိုပါသစ်စေ့မြေလုံး ကြဲချရာနေရာတွေထံသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးတို့ တက်ရောက်အားပေးခဲ့ကြကြောင်း သိရပါတယ်။
ဒါအပြင် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ ပြီးခဲ့တဲ့မေလအတွင်းက အင်းလေးကန်ရေဝေရေလဲဧရိယာနဲ့ မဲခေါင်မြစ်ရေဝေရေလဲ ဧရိယာတွေမှာ သစ်စေ့မြေလုံးပေါင်း သစ်စေ့မြေလုံးပေါင်း ၁၈၂၀၀၀ကို လူအင်အားနဲ့ဆူးထိုးချစိုက်ပျိုးထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
Ref ; ရွှေတြိဂံဒေသသတင်းလွှ

0 comments:

Post a Comment