Friday, June 19, 2020

အမေရိကန်တွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခွင့်ပြုလိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုများ မြင့်တက်

အမေရိကန်ပြည်နယ်ရှိ အချို့ဒေသများတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခွင့်ပြုလိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်မားလာမှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း သိရပါသည်။
တက္ကဆက် ပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် (၃၁၂၉)ဦး ရှိခဲ့ပြီး နေ့စဉ် စုစုပေါင်း ကူးစက်မှုအနက် အမြင့်ဆုံးဖြစ်ခဲ့ပါသည်။
အရီဇိုးနားပြည်နယ် အနောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၁၈၀၀)ခန့်ရှိခဲ့ပြီး ပြည်နယ်အတွင်းရှိ အထူးကြပ်မတ်ဆောင် ICU ထဲတွင်လည်း လူနာ (၈၃ %)နီးပါး ရှိနေပြီဖြစ်ကြောင်းနှင့် အသက်ရှုအထောက်အကူပြု ကိရိယာပြတ်လပ်မှုကြောင့် စိုးရိမ်များများ မြင့်တက်လျက်ရှိနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
>>zawgyi<<

0 comments:

Post a Comment