Friday, June 19, 2020

ထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်ကြော်ငြာကို ဖေ့စ်ဘုတ်က ဖယ်ရှား

ဖေ့စ်ဘုတ်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ နောက်တစ်ကြိမ်ရွေးကောက်ပွဲအတွက် မဲဆွယ်ထားတဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်က မဲဆွယ်သင်္ကေတဟာ အမုန်းတရားကို ဖြန့်ချိတဲ့ပုံဖြစ်နေသလို ဒီသင်္ကေတဟာ နာဇီဂျာမနီတွေသုံးစွဲခဲ့တဲ့လက္ခဏာ ဖြစ်နေတာကြောင့် ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်သင်္ကေတဟာ အနီရောင်တြိဂံပုံမှာ အမဲရောင်လိုင်းနဲ့ ဘောင်ခတ်ထားတဲ့ပုံဖြစ်ပြီး ဒီအရောင်တွေနဲ့ အလားတူတာတွေကို နာဇီတွေနဲ့ ကွန်မြူနစ်တွေ အသုံးပြုခဲ့ကြတာဖြစ်သလို အမုန်းတရားကိုဖော်ပြနေတဲ့ သင်္ကေတလို့ ဖေ့စ်ဘုတ်ဘက်က စွပ်စွဲထားပါတယ်။
ထရမ့်ရဲ့ ရွေးကောက်ပွဲကန်ပိန်းအဖွဲ့ကတော့ ဒီသင်္ကေတဟာ ဆူဆူပူပူလုပ်လိုတဲ့ လက်ဝဲစွန်းအဖွဲ့တွေနဲ့ ကွန်မြူနစ်တွေကို ရည်ညွန်းပြီး အသုံးပြုတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ဖေ့စ်ဘုတ်ကတော့ ထရမ့်ရဲ့ ဒီရွေးကောက်ပွဲကြော်ငြာဟာ သူတို့ရဲ့ လူမှုကွန်ယက်ပေါ်လစီနဲ့ ဆန့်ကျင်နေတာကြောင့် ဖယ်ရှားခဲ့တာလို့ ဆိုထားပါတယ်။
ဖေ့စ်ဘုတ်ရဲ့ လုံခြုံရေးပေါ်လစီအကြီးအကဲ Nathaniel Gleicher က " ကျွန်တော်တို့ရဲ့ အမြင်မှာ ဒီကြော်ငြာမှာအသုံးပြုထားတဲ့ သင်္ကေတဟာ အမုန်းစကားအသုံးပြုသူတွေ သုံးတဲ့သင်္ကေတအရောင်တွေဖြစ်ပြီး နေရာတိုင်းမှာ ၎င်းတို့ အသုံးပြုနေကြတဲ့အရောင်ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ထရမ့်ရဲ့ အဆိုပါ ရွေးကောက်ပွဲ ကြော်ငြာဟာ ပြီးခဲ့တဲ့ ၂၄ နာရီအကြာက တင်ထားခဲ့တာဖြစ်ပြီး ဖေ့စ်ဘုတ်ဘက်က မဖယ်ရှားခင်အထိ လူထောင်ပေါင်းများစွာက ကြည့်ရှု့ထားခဲ့ကြတာဖြစ်ပါတယ်။
crd- Myanmar Harp #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment