Saturday, June 20, 2020

ငြိမ်းချမ်းရေးအဖွဲ့အစည်း BGF အရာရှိယောင်ဆောင်ကာ လိမ်လည်မှုပြုလုပ်နေကြသူများအား ဖမ်းဆီးရမိ

ငြိမ်းချမ်းရေးအဖွဲ့အစည်းအဖြစ်ရပ်တည်လျက်ရှိသော ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF)နာမည်နဲ့ ကားအစီး(၂၀)ကျော်လိမ်လည်ခဲ့သူကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ မူးယစ်ဆေးဝါးများနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ BGF က သိရသည်။
အဆိုပါ ကားအစီး(၂၀)ကျော်လိမ်ခဲ့သူဟာ အရင်က KNU/KNLA-PC က တရားခံပြေးအဖြစ် သတ်မှတ်ထားသူ ဖြစ်ပြီးတော့ ဇွန်လ(၁၈)ရက်နေ့ကဖမ်းဆီးရမိချိန်မှာတော့ မူးယစ်ဆေးဝါးတွေနဲ့အတူ လက်ဝယ်တွေ့ရှိခဲ့တာလို့ သိရသည်။
ဖမ်းဆီးခံထားရသူဟာ BGF (၁၀၂၃)တပ်ဖွဲ့က အရာရှိအယောင်ဆောင်ပြီး ပြည်သူတွေဆီကနေ ကားရောင်း ပေးမယ်ဆိုပြီးတော့ လိမ်လည်တာ၊ ကားတင်သွင်းပေးမယ်ဆိုပြီး လိမ်လည်တာတွေလုပ်ခဲ့တာလို့ သိရသောကြောင့် ၎င်းကို BGF (၁၀၂၃)တပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်မဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဆီ အပ်နှံသွားမယ်လို့ သိရသည်။
ထို့အပြင် ဒီရက်ပိုင်းထဲမှာ BGF တပ်ဖွဲ့က ဗိုလ်မှူးအယောင်ဆောင်ပြီး ရန်ကုန်မှာ မြေကွက်ကိစ္စနဲ့ သိန်း(၅၀၀၀) လိမ်လည်ခဲ့သူကိုလည်း အင်းစိန် CID က ဖမ်းဆီးထားပြီးဖြစ်တယ်လို့ သိရပါသည်။

0 comments:

Post a Comment