Friday, June 19, 2020

အနောက်တံခါးဝ မဟာလိမ်လည်မှုနှင့် ARSA အကြမ်းဖက်အဖွဲ့ အတွင်းရေးအကြောင်း အထောက်အထားအခိုင်အလုံ ထွက်ပေါ်

ယခုတင်ပြထားသည့် ဗွီဒီယိုနှင့်ဓါတ်ပုံများသည် ARSA အဖွဲ့ခေါင်းဆောင် အတ္တားအူလ္လာ၏ အစ်ကိုဖြစ်သူ ရာရှက်ဒ်အူလ္လာ၏ ကွန်ပျူတာမှဖြစ်ပြီး အခြားသိမ်းဆည်းရမိသော Hard disks, Memory sticks နှင့် လက်ကိုင်ဖုန်းတို့မှ ဖြစ်ပါသည်။
ရာရှက်ဒ်အူလ္လာထံမှ မည်သည့်အချိန်၊ နေရာ၌ မည်သို့မည်ပုံ သိမ်းဆည်းရမိကြောင်း အတိအကျထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း အလွန်ကြည်လင်ပြတ်သားသည့် ဗွီဒီယို၊ ဓါတ်ပုံများသည် အတုအယောင်မဟုတ်ပဲ မှတ်တမ်းတင် သိမ်းဆည်းထားသည့် အထောက်အထား အစစ်အမှန်များဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်သည်။
မူရင်းတင်ပြသူ Rick Heizman သည် မြန်မာနိုင်ငံ အနောက်တံခါးဝသို့ အကြိမ်ပေါင်းများစွာ၊ ရက်လပေါင်းများစွာ လာရောက်ခဲ့ဖူးပြီး ကွင်းဆင်းလေ့လာခြင်း၊ လူတွေ့မေးမြန်းခြင်းများစွာ ပြုလုပ်ခဲ့သူဖြစ်သည်။ အစီအစဉ်တွင် အချက် ၈- ချက်ကို အဓိက တင်ပြထားသည်။
၁- ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုတောင်တန်းပေါ်ရှိ လျှို့ဝှက်လေ့ကျင့်ရေးစခန်း၌ ARSA အကြမ်းဖက်စစ်သွေးကြွတို့၏ လက်နက်နှင့် ဖောက်ခွဲရေးဆိုင်ရာ သင်ယူလေ့ကျင့်ပုံ
၂- ARSA အကြမ်းဖက်သမားတို့သည် ၎င်းတို့အား အများဆုံးအထောက်အပံ့ပေးလျှက်ရှိသည့် ပြည်ပနိုင်ငံ၌ လေ့ကျင့်သင်ယူနေကြပုံ
၃- ၎င်းနိုင်ငံတွင် ခိုလှုံလျှက်ရှိသည့် ‘အာရကန်ရိုဟင်ဂျာ မူဂျဟီဒင်ကောင်စီဝင်များထံမှ သဘောတရားရေးရာနှင့် လမ်းညွှန်ချက်ခံယူပုံ
၄- မေယုတောင်တန်းပေါ်ရှိ လျှို့ဝှက်စခန်း၌ လေ့ကျင့်နေကြသည့် အကြမ်းဖက် စစ်သွေးကြွတို့အတွက် အစားအစာ၊ ဆေးဝါးနှင့်အခြေခံလိုအပ်ချက်များအား ထောက်ပံ့ပေးနေသည့် ကျေးရွာထောက်ပံ့ရေးစနစ်
၅- အကြမ်းဖက်သမားတို့၏ ခက်ထန်ကြမ်းတမ်းပြီး လူမျိုးရေးဝါဒီဆန်ဆန် အယူအဆနှင့် ရည်မှန်းချက်များအကြောင်း ၎င်းတို့ကိုယ်တိုင်၏ ဖွင့်ဟပြောဆိုချက်
၆- ဖောက်ခွဲရေးပစ္စည်းတစ်ခုချင်းစီ၏ နည်းပညာပိုင်းဆိုင်ရာနှင့် ထိရောက်စွာအသုံးပြုနည်း စာဖိုင်များ
၇- လက်နက်၊ ဗုံး၊ မြေမြှုပ်မိုင်းလုပ်နည်း၊ အဆိပ်ရှိဓာတုပစ္စည်းများ ရောစပ်နည်း၊ ခြုံခို-အနီးကပ်တိုက်ခိုက်နည်း၊ ဓားမြောင်အသုံးပြုတိုက်ခိုက်နည်း စသည်ဖြင့် ISIS ပုံစံ ရွံ့ရှာစက်ဆုပ်ဖွယ် ညှင်းပန်းသတ်ဖြတ်နည်းများ လေ့ကျင့်သင်ယူပုံ
၈- ကမ္ဘာကြီး၏အထင်အမြင်ကို လွှမ်းမိုးခြယ်လှယ်ရန် မီဒီယာများ၊ ကမ္ဘာ့ခေါင်းဆောင်များ၊ NGO များ၊ စာအုပ်ကြီး ကြက်တူရွေးသမားများနှင့် ချိတ်ဆက်များကို အသုံးချ၍ အရူးလုပ်-ဘူးသွင်းလျှက်ရှိပုံများ၊ ပညာအရည်အချင်း၊ ဘာသာစကားကျွမ်းကျင်မှု၊ နိုင်ငံရေး အပါးနပ်မှုများကို ကောင်းကောင်းကြီးအသုံးချပြီးကာ အနောက်နိုင်ငံများ၌ ကျင်လည်လှုပ်ရှားနေသည့် မူဂျာဟေဒင်အရေး လှုပ်ရှားသူများနှင့် " ပွဲထွက်မင်းသားများ" ၏ ကွန်ရက်တို့ အကြောင်း ...
စသည်တို့ဖြစ်ပြီး ရာပေါင်းများစွာသော ဗွီဒီယို၊ ဓါတ်ပုံအထာက်အထားများမှ အနည်းငယ်ကို သက်သေခိုင်လုံစွာ ဖော်ပြထားသည်။
Rick Heizman ၏ တင်ပြချက်များကို မူရင်းမပျက် အမြန်ဆုံး ဘာသာပြန်ဖော်ပြနိုင်ရန် မိတ်ဆွေ Kyaw Sanoo နှင့် Nay Myo Tun တို့၏ အကူအညီသာမရရှိလျှင် ဖြစ်နိုင်ဖွယ်မရှိပါ။ နာရီပေါင်းများစွာ စိတ်ရှည်ရှည်နှင့် အပင်ပန်းခံ ကူညီပေးခဲ့၍သာ ယခုကဲ့သို့ ဖော်ပြနိုင်ခြင်းဖြစ်ပါသည်။ အမည်ဖော်ပြနိုင်ခြင်းမရှိသော မိတ်ဆွေများစွာတို့ကလည်း အကြံဉာဏ်နှင့် ကောင်းနိုးရာရာ အကူအညီအမျိုးမျိုး ပေးအပ်ခဲ့ကြပါသည်။
အမိနှင့်တူသည့် ချစ်သော မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပါစေ၊
နိုင်ငံတော်ရေမြေပေါ်၌ အိုးအိမ်ထူထောင်ကာ လုပ်ကိုင်စားသောက်နေထိုင်သော နိုင်ငံသားအားလုံးတို့တွင် တရားဥပဒေစိုးမိုးလျှက် စားဝတ်နေ ဖူလုံပြည့်စုံပါစေ .. ဟု... ဆုတောင်းရင်း ....
အောက်ဖော်ပြပါ Links များအတိုင်း ဝင်ရောက်လေ့လာနိုင်ပြီး VK တွင်လည်း လွှင့်တင်ထားပါကြောင်း....
အစဉ်လေးစားစွာဖြင့်
===
Ref-Htay Oung #Myanmar_Online_News

0 comments:

Post a Comment