Thursday, June 18, 2020

ARSA ထိပ်တန်းတပ်မှူးတစ်ဦးထံမှ သိမ်းဆည်းရမိသော ကွန်ပျူတာ၊ Hrad Drives များ၊ လက်ကိုင်ဖုန်းတို့မှ အံ့အားသင့်ဖွယ် အချက်အလက်များအား ဖယ်ရှားခံရ

“ ARSA ထိပ်တန်းတပ်မှူးတစ်ဦးထံမှ သိမ်းဆည်းရမိသော ကွန်ပျူတာ၊ Hrad Drives များ၊ လက်ကိုင်ဖုန်းတို့မှ အံ့အားသင့်ဖွယ် အချက်အလက်များနှင့် အတွင်းရေးများ ကို YouTube တွင် ရုပ်သံလွှင့်တင်ခဲ့ပါသည်။
၎င်းဗွီဒီယိုတွင် မေယုတောင်တန်း တောတွင်းလျှို့ဝှက်စခန်းများနှင့် ပြည်ပနိုင်ငံစခန်းတို့၌ ARSA အကြမ်းဖက်အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်း၊ ဒါးစာခံဖမ်းဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်စစ်ရေးလေ့ကျင့်ပုံ၊ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများအသုံးပြုပုံတို့ပါဝင်နေသည်။
ထို့ပြင် ၎င်းတို့အား ထောက်ပံ့လမ်းညွှန်သူများထံမှ ညွှန်ကြားချက်များ ခံယူပုံ၊ ၂၀၁၉ သြဂုတ်လမတိုင်မီ ရခိုင်မြောက်ဖျား၌ စည်းရုံးရေးကွင်းဆင်းပုံ၊ ၎င်းတို့နှင့် ချိတ်ဆက်ရှိသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အထောက်အထားဓါတ်ပုံ၊ ဝန်ခံထွက်ဆိုချက်များလည်း ပါရှိနေသည်။
ကျွန်တော်များ သိသင့်သိထိုက်ပြီး ICC, ICJ အတွက်လည်း အထောက်အထားဖြစ်လာနိုင်ပါသည်။
အဆိုပါ ဗွီဒီယိုဖိုင်မှာ စည်းကမ်းချက်များနှင့် မကိုက်ညီဟု ဆိုကာ YouTube က ဖယ်ရှားခြင်းခံလိုက်ရပါသည်။ ဘယ်နေရာတွင် စည်းကမ်းချက်နှင့် မညီသလဲ ကျွန်တော် မသိပါ။
ကျွန်တော့်အနေဖြင့် ၎င်း ဗွီဒီယိုအား မြန်မာဘာသာပြန်ဆို၍ လွှင့်တင်မည်ဖြစ်ရာ အကောင့် ပျက်သွားနိုင်ပါသည်။
သို့သော်လည်း ပျက်ကာမှ ပျက်ရော ကျွန်တော်၏ Web Page လွှင့်တင်ပြီး မကြာမီ Link ချပေးရန် စီစဉ်လျှက်ရှိပါသည်။
Source - Htay Oung

0 comments:

Post a Comment