Tuesday, June 23, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိ၊ Arguments and Facts ၊ ZVEZDA ၊ RT ၊ Red star စသည့်သတင်းဌာနများနှင့် Politic မဂ္ဂဇင်းတို့၏ မေးမြန်းချက်များကို လက်ခံဖြေကြားခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် အတွက် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် အပြည်ပြည် ဆိုင်ရာလေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Sheremetyevoအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin ၊ FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။ ယင်းနောက် ခေတ္တတည်းခိုမည့် Crowne Plaza Hotel သို့ ဆက်လက် ထွက်ခွာခဲ့ကြပြီး ညအိပ်ရပ်နားခဲ့ကြသည်။
ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Arguments and Facts သတင်းဌာန၊ ZVEZDA သတင်းဌာန၊ RTသတင်းဌာန၊ Red star သတင်းဌာနနှင့် Politic မဂ္ဂဇင်းတို့မှ အယ်ဒီတာချုပ်များနှင့် သတင်းထောက်တို့အား Crowne Plaza Hotel တွင် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် ပါဝင်ခဲ့သည့် မြန်မာ့ တပ်မတော်၏ အခန်းကဏ္ဍများ၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင် မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်လျက်ရှိပြီး လွှတ်တော်အတွင်း၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ တည်တံံ့ခိုင်မြဲ ရေးအတွက် တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုလုပ်ငန်းများတွင် တပ်မတော်၏ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊မြန်မာတပ်မတော်နှင့် ရုရှားတပ်မတော်၏ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသည် အလျင်အမြန်တိုးတက်လျက်ရှိပြီး ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးဖြစ်ပေါ်စေသည့် အခြေအနေများနှင့် အခြားသိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွ့ဲဝင်များသည် Irkut Coporation မှ နိုင်ငံတကာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဥက္ကဌ Mr. Vladimir N. Sautov နှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြင့်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment