Saturday, June 20, 2020

လှိုင်သာယာ စက်မှုဇုန် ၂ရှိ AMBER STONE အထည်ချုပ်စက်ရုံအလုပ် သမားခေါင်းဆောင် ၂ ဦး ရိုက်နှက်ခံရ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ရှိ AMBERSTONEအထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်၂၉ဦးအား ECစာချုပ်နှင့်မညီအလုပ်ထုတ်မှုကြောင့် အလုပ်ရှင်နှင့်အလုပ်သမားကြား အငြင်းပွားမှုဖြစ်ပွားနေစဉ် ကာလ ဇွန်လ ၁၉ ရက်မှာအလုပ်သမားခေါင်းဆောင် ၂ဦးကို အမည်မသိလူ ၄ ဦးခန့်မှ လာရောက်ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါသည်။
"မနေ့ကညနေလေးရီခွဲလောက်ကECနှစ်ယောက်ကညီမတို့အိမ်လာခဲ့တယ်။အိမ်မှာ၅မိနစ်လောက်နေပြီးသူတို့ပြန်သွားကြတယ်။ရွှေရွက်လှေစက်ရုံရှေ့မှာECနှစ်ယောက်အရိုက်ခံရတာပါ။ တစ်ယောက်ကခေါင်းတွေ ခြေထောက်တွေ လက်တွေတော်တော်ထိခိုက်ဒဏ်ရာများတယ်။တစ်ယောက်ကတော့သိပ်ထိခိုက်မှုမရှိဘူး။ဝိုင်းရိုက်တာကအားလုံးပေါင်းလေးယောက် ဓားတွေပါတယ်။ဝါးဆစ်တုတ်တွေပါတယ်။သတင်းမီဒီယာတွေကိုဖြေကြားတယ် ပိုချိတ်ဆက်မှုများတဲ့တစ်ယောက်ကိုပိုရိုက်သွားတာ။သူတို့ကရိုက်သွားပြီးတော့လည်းပြောတယ်တဲ့ ဒီအဖွဲ့ကိုဆက်လုပ်ဦးမှာလားထပ်လုပ်မယ်ဆိုရင် သူတို့ကိုထပ်လုပ်ဦးမယ်လို့ပြောသွားတယ်"ဟုAMBERSTONE အထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂ အမှုဆောင် ဒေါ်ဇင်မာဌေးကပြောကြားခဲ့သည်။
AMBERSTONEစက်ရုံ အလုပ်သမားများအလုပ်အထုတ်ခံရခြင်းသည် ECစာချုပ်နှင့်မညီညွတ်သည့်အတွက်အလုပ်ပြန်ခန့်ရန်တိုင်းဒေသကြီးအလုပ်သမားရုံးမှမြို့နယ်အလဆသို့အကြောင်းကြားကြောင်းသတင်းကို သမဂ္ဂအဖွဲ့ဝင်များအားလာရောက်ပြောစဉ်အဆိုပါကဲ့သို့အရိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။
"အဓိက ကတော့အမတို့အဖွဲ့ချုပ်အောက်မှာရှိတဲ့အဖွဲ့ဝင်တွေအားလုံး တစ်ဦးချင်းလှုပ်ရှားမှုရော အဖွဲ့လိုက်လှုပ်ရှားမှုရောအကုန်လုပ်သွားမှာ။ရဲစခန်းကိုအခုသူဆေးရုံဆင်းမှဘဲတိုင်မှာ။နောက်တစ်ခုကအခြားစက်ရုံကCCTV မှတ်တမ်းတွေရှိတယ်လည်းကြားတယ်။ဒါတွေကို အမတို့အကုန်စုသွားမှာပါ။ဒါပြောရရင်မတရားအနိုင်ကျင့်သွားတာပါ။ဂုတ်သွေးစုတ်တဲ့အပြင်ယုတ်မာအနိုင်ကျင့်တဲ့ပုံစံဖြစ်သွားလို့ဒါကိုငြိမ်ခံလို့မရဘူး။အမှန်တရားကိုဖော်ဆောင်နေတဲ့လူတွေကိုဒီလိုမျိုးနှုတ်ပိတ်တာကနိုင်ငံရဲ့အကျင့်ဆိုးဖြစ်နေတာ။ အခုဖြစ်စဉ်ကို အမတို့ကရှုံ့ချတယ်"ဟု မြန်မာနိုင်ငံအထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ယာယီတာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်ကပြောကြားခဲ့သည်။
Crd : MyanmarLabourNews

0 comments:

Post a Comment