Tuesday, June 23, 2020

မအီမြို့၊ ချက်ပေါက်ကျေးရွာမှ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အမာခံ ၁ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်

မအီမြို့၊ ချက်ပေါက်ကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အမာခံ ၁ ဦးရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များသည် ၂၀၂၀ ဇွန် ၂၀ ရက်တွင် ချက်ပေါက်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းနှင့်အတူ ကျေးရွာဝင်/ထွက်လမ်းများအား ပိတ်ဆို့ကာ ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းစဉ် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အမာခံ ထွေးမောင်(ခ)ဌေးမောင်၊ ၄၀ နှစ်၊ (ဘ) ဦးရွှေ တင်သည် နေအိမ်မှ ထွက်ပြေးသွားရာ လိုက်လံ၍ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် ထွေးမောင်(ခ)ဌေးမောင်အား စစ်ကြောမေးမြန်းရာ ၎င်းသည် လွန်ခဲ့သော ၅ လခန့်က ၎င်းပိုင်လယ်ကွင်း၌ လုပ်ကိုင်နေစဉ် အမည်မသိ လူ ၁ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် စည်းရုံးပြောဆို ခဲ့သဖြင့် ၎င်းနှင့်အတူ အမ်းမြို့သို့ လိုက်ပါခဲ့ကြောင်း၊ ထိုမှတစ်ဆင့် မင်းပြားမြို့ အရှေ့တောင်ဘက်ရှိ တောတွင်းသို့ လိုက်ပါခဲ့ကြောင်း၊ ထိုနေရာ၌ ၎င်းအပါအဝင် လူ ၁၄ ဦးအား ၁၅ ရက်ခန့် မြေမြှုပ်မိုင်းသင်ခန်းစာ သင်ကြားခဲ့ရကြောင်း၊ ၎င်းမှာ စိတ်ဝင်စားမှု မရှိခြင်း၊ ပညာအရည်အချင်း အားနည်းခြင်းတို့ကြောင့် မိုင်းအား ကျွမ်းကျင်မှု မရှိခဲ့ကြောင်း၊ ထို့နောက် သင်တန်းတက်ရောက်သူများအား မိမိဇာတိသို့ ပြန်ရန်နှင့် လိုအပ်ပါက ပြန်လည်ဆက်သွယ်၍ မိုင်းထောင်ခြင်းများအား ဆောင်ရွက်ပေးရမည်ဟု ပြောဆိုကာ ပြန်လည်စေလွှတ်ခဲ့ကြောင်း စစ်ကြောသိရှိရသည်။
ယင်းနောက် ဇွန်လ ပထမပတ်ခန့်တွင် လယ်၌ အလုပ်လုပ်နေစဉ် အမည်မသိ လူတစ်ဦး ထပ်မံရောက်ရှိလာပြီး ကျေးရွာအတွင်း ရောက်ရှိနေသည့် တပ်မတော်စစ် ကြောင်းများအား သွားလာနိုင်သည့် နေရာများတွင် မြေမြှုပ်မိုင်းထောင်ရန် မိုင်း ၁ လုံး ပေးခဲ့ကြောင်း၊ ၎င်းသည် ချက်ပေါက်-မအီသွား ကားလမ်းဘေးတွင် မိုင်းထောင်ရန် ရွာမှ ထွက်ခွာလာစဉ် တပ်မတော်စစ်ကြောင်းများမှ လမ်းသွားလမ်းလာများအား စစ်ဆေးနေ သည်ဟု သတင်းရရှိသဖြင့် ဆက်လက်သွားရောက်ခြင်းမရှိဘဲ မိုင်းအား ရွာထိပ်ရှိ ညောင်ပင်အောက်တွင် ဝှက်ထားခဲ့ကြောင်း၊ ၃ ရက်ခန့်အကြာတွင် မိုင်းပေးခဲ့သည့်သူ ပြန်လည်ရောက်ရှိလာပြီး တပ်မတော်စစ်ကြောင်းများ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည့်အတွက် မိုင်းအား ပြန်ပေးဖို့ ပြောသဖြင့် ၎င်းဝှက်ထားခဲ့သည့် နေရာမှ ပြန်လည်ယူဆောင်၍ ပေးအပ်ခဲ့ကြောင်း၊ ၎င်းမြေမြှုပ်မိုင်းသည် ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားပြီး အရှည် ၈ လက်မခန့်၊ အချင်း ၀ ဒသမ ၇၅ လက်မခန့် ရှိကြောင်း သိရှိရ သည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် မြို့ရွာများအား အမှီပြု၍ လူအများ သွားလာလျက်ရှိသည့် လမ်းကြောင်း၊ လမ်းများတွင် မိုင်းထောင်/မိုင်းဆွဲခြင်းများအား ပြုလုပ်လျက်ရှိရာ ၎င်းတို့ထောင်ထားသည့် မိုင်းများကြောင့် သေဆုံးသူအရပ်သား ၁၇ ဦးနှင့် ဒဏ်ရာရအရပ်သား ၅၂ ဦး စုစုပေါင်း ၆၉ ဦး ထိခိုက်နစ်နာသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ #Myanmar_Online_News

0 comments:

Post a Comment