Thursday, June 18, 2020

ဆက်ကြေးမကောက်ပေးလို့ AA အကြမ်းဖက်သောင်းကျန်းသူများက စိုင်ခြုံကျေးရွာအုပ်စ စာရေး ဖြစ်သူအား အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စု၊ စိုင်ခြုံကျေးရွာ(မြောက်)နေ အုပ်စု စာရေးဖြစ်သူ ဦးစိုးမင်းထွန်းအား မျက်နှာတွင် အဝတ်များဖြင့်စည်းထားသော AA အကြမ်းဖက် သောင်းကျန်းသူ ၂၀ ဦးခန့်မှ နေအိမ်သို့လာရောက်၍ အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဖြစ်စဉ်မှာ စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူ ဦးစိုးမင်းထွန်းသည်နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် ဇွန် ၁၆ ရက်ည ၁၂ နာရီခွဲခန့်တွင် မျက်နှာများအား အဝတ်များဖြင့်စည်းထားသည့် AA အကြမ်းဖက် သောင်းကျန်း သူ ၂၀ ဦးခန့်ရောက်ရှိလာပြီး နေအိမ်တံခါးများအား ထုရိုက်တွန်းဖွင့် ဝင်ရောက်ကာ ဦးစိုးမင်းထွန်းအားထိုး ကြိတ်ပြီးမိသားစုဝင်များကို ခြိမ်းခြောက်၍ ၎င်းအား ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်၊ ကျောက်ဖြူ လေဆိပ်၏ တောင်ဘက် လမ်းမဘေးသို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် သွားပြီး ၎င်းနေရာ၌ပင် ဆက် ကြေးမကောက်ပေးသော သစ္စာဖောက်ဟုဆိုကာ ဝိုင်းရိုက်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ ရွာကတစ်အိမ်ကို ၁၀၀၀၀ နှုန်းနဲ့ တော်လှန်ရေးရံပုံငွေဆိုပြီး AA ဘက်ကကောက်ခိုင်းတာ ရှိတယ်၊ သူတို့လူသစ်စုနိုင်ဖို့ ရွာအိမ်ထောင်စုစာရင်းတောင်းထားတာရှိတယ် မကောက်ပေးလို့ သစ္စာဖောက် ဆိုပြီး သတ်သွားကြတာ၊ ရွာမှာက စီးပွားရေးတွေအဆင်မပြေကြလို့ သူလည်းကောက်လို့မရဘူးလေ.. အဲ့ဒါကို သစ္စာဖောက်ဆိုပြီး ဝိုင်းရိုက်သတ်သွားကြတာ၊ အခုသူ့မိသားစုလည်း ရွာမှာမနေရဲလို့ ရွာကနေပြေးဖို့လုပ်နေကြပြီ ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူဒေသခံတစ်ဦးမှ ပြောသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှု မရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်ရဲစခန်း၌ အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
Ref ; May Yu Htar Nay

0 comments:

Post a Comment