Wednesday, June 24, 2020

AA ၏ အတွင်းသရုပ်ကို ပုံဖော်ခြင်း သို့မဟုတ် AA နှင့် ARSA ချိတ်ဆက်ကို ခြေရာခံခြင်း

မြန်မာနိုင်ငံ အနောက်မြောက်ဖျား၌ လက်နက်ကိုင်တိုက်ခိုက်လျှက်ရှိသော AA အဖွဲ့၏ အကြောင်းကို Tour guide turned Arakan Army commander sees nationhood in victory “ တိုးဂိုက်မှ AA တပ်မှူးဖြစ်လာသူ၏ အောင်မြင်ရေး နိုင်ငံသားဖြစ်မှုဆိုသည်မှာ” ခေါင်းစဉ်ဖြင့် Coconut က ယမန်နေ့ရေးသားဖော်ပြသည်။
AA က တော်လှန်ရေးစတင်ကြောင်း အသိပေးရာရောက်သည့် ၂၀၁၉- ဇန်နဝါရီ ၄-ရက်မှ စတင်ရေတွက်လျှင် AA ဖော်ဆောင်သော မြို့တွင်းပြောက်ကျားတိုက်ပွဲများမှာ အလွန်များပြားသည်ဟု ကျွန်တော့် အနေဖြင့် မှတ်ယူသည်။
စစ်ပွဲတို့၏ သတ်မှတ်ချက်ဖြစ်သည့် ယူနီဖောင်းနှင့် ထင်ရှားသော တံဆိပ်အမှတ်အသားမပါ အားကစားဝတ်စုံ ဝတ်ဆင်ခြင်း၊ မြို့ရွာအတွင်းမှ လှမ်း၍ ပစ်ခတ်ခြင်း။ ကျေးရွာအနီးအနား၌ မိုင်းထောင် မိုင်းဆွဲခြင်း၊ မြို့-ရွာနေ ဆန့်ကျင်ဘက်ဟု စွပ်စွဲခံရသူတို့အား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ အချို့ သတ်ဖြတ်ခံရခြင်း၊ သတင်းပေး ဆိုသူများကို ရက်စက်စွာ ခေါင်းဖြတ်၍ စျေးအလည်လူစည်ကားရာ၌ ချထားခြင်း၊ ဘဏ်ဒါးပြတိုက်ခြင်း စစ်-ရဲ တပ်ဖွဲ့ဝင်တို့ အား မြို့ရွာအလည် လူစည်ကားရာနေရာ၌ အုပ်စုဖွဲ့လုပ်ကြံခြင်း သတ်ဖြတ်ခြင်း ဖမ်းဆီးခြင်း စသည်တို့ဖြစ်သည်။
တဖန် AA ၏ မြို့တွင်းတိုက်ပွဲဆိုသည်မှာ ပြောက်ကျားစစ်ပါရဂူ ဥက္ကဌကြီးမော်၏ Guerrilla Warfare နည်းဗျူဟာမျိုး မဟုတ်ပါ
၎င်းနည်းဗျူဟာအရ တိုက်ပွဲဖော်ဆောင်လျှင် ရန်သူ့အနေဖြင့် လူအင်အား- လေကြောင်း သို့မဟုတ် လက်နက်ကြီးအကူ ရယူရန် မလွဲမသွေလိုအပ်လာပြီး မြို့ရွာမှာလည်း ရစရာမရှိအောင် ပျက်ပြားရလေ့ရှိသည် ( ဥပမာ ဆီးရီးယားနှင့် ဖိလစ်ပိုင် မာရဝီ )
ခေတ်ပေါ်ပြောက်ကျားစစ်နည်းဗျူဟာ၏ ပကတိရည်ရွယ်ချက်မှာ ရန်သူအနေဖြင့် ၎င်းမြို့ရွာများအား မြို့ပျက်-ရွာပျက်အဖြစ်သာ လက်ရောက်ရရှိရေး- နေထိုင်သူများတွင် ရစရာမရှိအောင် ပျက်စီးဆုံးရှုံးရေးဖြစ်လေသည်။
ထိုနည်းလမ်းဖြင့် ရန်သူသည် မြို့-ရွာများ သိမ်းပိုက်ရရှိသည့်တိုင် အသုံးမဝင်- အချီးနှီးဖြစ်ရလေသည်။
ဒေသအတွင်း၌ ရန်သူ့အပေါ် မုန်းတီး ဆန့်ကျင်ရေးစိတ်ဓာတ်နှိုးဆွ စည်းရုံးရာ၌ များစွာအထောက်အကူဖြစ်သည်။
ရန်သူမှာလည်း စစ်ရာဇဝတ်မှု့ ထောင်ခြောက် နှုတ်ခမ်းနင်းလျှက် အကျဉ်းအကြပ်ဖြစ်ရတော့သည်။
ခေတ်ပေါ် ပြောက်ကျားစစ်နည်းဗျူဟာ၏ အသုံးဝင် ထိရောက်ပုံမှာ အမေရိကန်ကဲ့သို့ ခေတ်မီတပ်မတော်မျိုးကိုပင် ရေရှည်စစ်ပွဲအသွင် ထိုးနှက်နေဆဲဖြစ်ကြောင်း တွေ့ရှိနိုင်သည်။
AA ၏ ခေတ်ပေါ်ပြောက်ကျားစစ်နည်းဗျူဟာအမြင်ကို Coconut သတင်းဆောင်းပါးပါ ။ “ That’s Terrorism “ အပိုဒ်ရေးသားချက်များဖြင့် ခန့်မှန်းနိုင်သည်။
အလားတူပင် AA ၏ ယူဆချက်များမှာ ကျွန်တော်များ၏ ညှိနှိုင်းဆဲ ဖက်ဒရယ်နိုင်ငံတော် ထူထောင်ရေးတွင် မြန်မာ့တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အမြင်သဘောထားနှင့် ကိုက်ညီသည်ဟု ကျွန်တော် မထင်ပါ။
AA ၏ လူမျိုးရေးအမြင်သည် Nativism ခေါ် ဇာတိစွဲ- ရပ်ရွာစွဲ- လူမျိုးစွဲကို အခြေခံကြောင်း မကြာသေးမီက AA ထုတ်ပြန်ခဲ့သည့် “ မြန်မာအစိုးရအုပ်ချုပ်ရေးယန္တယားနှင့် တပ်မတော်တို့ ထွက်သွား “ ဆိုသည့် အင်္ဂလိပ်- မြန်မာနှစ်ဘာသာကြေညာချက် ဖြစ်သည်။
အမှန်အားဖြင့် Nativism ဆိုသည်မှာ ယခုတစ်လော အမေရိကန်- အင်္ဂလန်-ဥရောပနိုင်ငံများ၌ လူပြောသူပြော များလျှက်ရှိသည့် Racism ခေါ် လူမျိုးခြား မုန်းတီးရေးဝါဒနှင့် Supremacism ခေါ် မိမိလူမျိုးပဓါနဝါဒ၏ အသွင်ကွဲ တစ်မျိုးပင်ဖြစ်သည်။
ထိုအချက်ကို coconut ဆောင်းပါးပါ “ History of Occupation “ အပိုဒ်တွင် ထင်ရှားစွာတွေ့ရှိရသည်။
ARSA အကြမ်းဖက်အဖွဲအစည်းတည်ထောင်သူ အတ္တားအူလ္လာ၏ အစ်ကို ရာရှဒ်အူလ္လာ၏ ကွန်ပျူတာမှ ဗွီဒီယိုနှင့် ဓါတ်ပုံများ မကြာသေးမီက ထွက်ပေါ်ခဲ့သည်။
စာဖတ်အားနှင့် ဗဟုသုတအလွန်နည်းသော ရိုလော်ဘီတစ်ယောက်က ရာရှဒ်အူလ္လာ၏ဗွီဒီယိုမှ ကလစ်တစ်ခုကို ထောက်ပြ၍ " ဆော်ဒီအာရေဗျာမှာ သင်တန်းပေးတယ်ဆိုပြီး ဝါဒဖြန့်တာမှာ ဆီးရီးယားနိုင်ငံမှာ ၁၉၃၂ ကနေ ၁၉၆၃ ထိ သုံးခဲ့တဲ့ အလံကို နောက်ခံထားပြီး လေ့ကျင့်နေတဲ့ ဗီဒီယိုကလစ်ကို သုံးထားတာ လူတိုင်းသတိထားမိမှာ မဟုတ်ဘူး။ ဒီတစ်ချက်တည်းက ဆော်ဒီအာရေဗျာမှာ လေ့ကျင့်နေပါတယ်ဆိုတဲ့ ဗီဒီယိုကလစ်က ဆီးရီးယားနိုင်ငံမှာ ဆီးရီးယားနိုင်ငံသားတွေက သူတို့ လွတ်မြောက်ရေးအတွက် လေ့ကျင့်နေတဲ့ ဗီဒီယို ကလစ်တွေဆိုတာ သိသာထင်ရှားပါတယ်။… “ ဟု ဆိုထားသည်။
ဤသည်မှာ ဆီးရီးယားစစ်ပွဲတွင် အာဆတ်ဆန့်ကျင်ရေး ဆီးရီးယားသူပုန်တို့၏ “ Free Syria Army ( FSA ) “ လွတ်လပ်သော ဆီးရီးယားတပ် “ ၌ လက်နက်ကိုင်အဖွဲ့အစည်း ၁၅ ဖွဲ့ထက်မနည်းတို့၏ အကြောင်းကို မသိ၍ဖြစ်သည်။ ၎င်းတို့တွင် ဒေသတွင်းနိုင်ငံများဖြစ်သော ဆော်ဒီအာရေးဗီးယားနှင့် တူနီရှားတို့မှ အများဆုံးဖြစ်ရာ အချို့မှာ အတိတ်ကာလ ဆီးရီးယားကို တမ်းတသည်။
ARSA အကြမ်းဖက် အဖွဲအစည်း တည်ထောင်သူ အတ္တားအူလ္လာ၏ အစ်ကို ရာရှဒ်အူလ္လာ၏ ကွန်ပျူတာမှ မကြာသေးမီက ထွက်ပေါ်ခဲ့သည့် ဗွီဒီယိုနှင့် ဓါတ်ပုံများအရ ARSA တိုက်ခိုက်ရေးသမားတို့သည် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူများနှင့် ဆက်နွယ်လျှက်ရှိကြောင်း နယ်သာလန်အခြေစိုက် International Crisis Group ( ICG ) ၏ အစီရင်ခံစာနှင့် တစ်ထပ်တည်းဖြစ်သည်။ ရိုလော်ဘီကောင်းမှုဖြင့် အဖြစ်မှန်များ ဗူးပေါ်သလို ပေါ်ရသည်။
အဆိုပါဗွီဒီယိုတွင် ARSA စစ်သွေးကြွတို့က AA အတွက် တိုက်ခိုက်ပေးလျှက်ရှိကြောင်း အတိအလင်း ဝန်ခံထားသည်။ ထိုအကြောင်း အထောက်အထားအများအပြားကို ဆက်လက်ထုတ်ဖော်ပါမည်။
အချုပ်အားဖြင့်ဆိုလျှင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်ရှိပြီး နှစ် ၇၀ သက်တမ်း ပြည်တွင်းစစ် တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀၀ ကျော်ရှိနေသည်။
သို့သော် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် AA ကဲ့သို့ မိမိဇာတိရပ်ရွာအား အထိနာစေသည့် တိုက်ပွဲဖော်ဆောင်ခြင်းမျိုး အလွန်ရှားသည်။ မရှိဟုပင် ပြောနိုင်သည်။
ထို့ပြင် အနောက်တံခါးဝရောက် AA ၏ အမြင်သဘောထားနှင့် ခံယူချက်မှာ ကျန် သန်း ၅၀ မျှရှိသော ပြည်မနှင့် ပြည်နယ်နေထိုင်သူများအတွက် အလွန်အန္တရာယ်ကြီးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။
crd- HtayOung #Myanmar_Onine_News

0 comments:

Post a Comment