Sunday, May 17, 2020

WHO သို့ ယခင်က ထည့်ဝင်ခဲ့သော ရန်ပုံငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ကိုပြန်လည်ထည့်ဝင်ရန် စဉ်းစားသုံးသပ်နေကြောင်း ထရန့် ပြောကြား

Image may contain: one or more people and people standing
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ ယခင်က အမေရိကန် ထည့်ဝင်ခဲ့သော ရန်ပုံငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ကို ထိုအဖွဲ့ သို့ ပြန်လည်ထည့်ဝင်နိုင်ဖွယ်ရှိသည့်အချက် အပါအဝင် (WHO) နှင့် သက်ဆိုင်သော အဆိုပြုချက်အများအပြားကို အမေရိကန် အစိုးရအဖွဲ့က စဉ်းစားသုံးသပ်နေကြောင်း သမ္မတဒေါ်နယ်ထရန့်က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့် သက်ဆိုင်သော တရုတ်၏လုပ်ကြံသတင်းကို WHO က ထောက်ခံအားပေးနေသည်ဟု စွပ်စွဲလျက် WHO သို့ အမေရိကန်၏ရန်ပုံ ငွေထောက်ပံ့နေမှုများအား ထရန့်က ဧပြီ ၁၄ ရက်တွင် ရပ်ဆိုင်းပစ်ခဲ့သည်။ မိမိ၏ အစိုးရအဖွဲ့အနေဖြင့် WHO အဖွဲ့ကို ပြန် လည်ဆန်းစစ်နေကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေဆဲကာလတွင် ကမ္ဘာတစ်ဝန်းလုံးမှသာ မက အမေရိကန်နိုင်ငံတွင်းရှိ အာဏာပိုင် များကပါ WHO အဖွဲ့အပေါ် ဝေဖန်နေကြစဉ် ထရန့်က WHO အဖွဲ့သည် ၎င်း၏ အခြေခံတာဝန်ဝတ္တရားကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း နှင့် အဖွဲ့အနေဖြင့် တာ ဝန်ခံ၊ တာဝန်ယူမှုရှိရမည်ဖြစ်ကြောင်း စွပ်စွဲလျက် အဖွဲ့ထံ ရန်ပုံငွေထည့်ဝင်ခြင်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်မှာ တစ်လ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထရန့်၏ပြောကြားချက်များကို WHO တာဝန်ရှိသူများက ချက်ချင်း ငြင်းဆိုခဲ့ကြပြီး ရန်ပုံငွေထည့်ဝင်မှု ရပ်ဆိုင်းမည့် ဆုံးဖြတ်ချက်အပေါ် အမေရိကန်သမ္မတအနေဖြင့် နှစ်ကြိမ် ပြန်လည်စဉ်းစားပေးရန် တိုက်တွန်း ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် WHO သို့ ရန်ပုံငွေအများဆုံး ထည့်ဝင်လှူဒါန်းသော နိုင်ငံဖြစ်ခဲ့သည်။ အကယ်၍ တရုတ်၏ ရန်ပုံငွေထည့်ဝင်မှုပမာဏအတိုင်း အမေရိကန်က ထည့်ဝင်မည်ဆိုပါက အမေရိကန် ၏ရန်ပုံငွေထည့်ဝင်မှုသစ်သည် ယခင်က ထည့်ဝင်ခဲ့ဖူးသော ရန်ပုံငွေပမာဏ၏ ဆယ် ပုံတစ်ပုံခန့်သာ ရှိလိမ့်မည်ဖြစ်ကြောင်း Fox က ခန့်မှန်းတွက်ချက်ထားသည်။ အမေရိကန်သည် ယခင်က WHO အဖွဲ့သို့ တစ်နှစ် လျှင် ဒေါ်လာသန်း ၄၀၀ ခန့် ထည့်ဝင်ခဲ့ ခြင်းဖြစ်သည်။

ရန်ပုံငွေ ပြန်လည်ထည့်ဝင်မည့်ကိစ္စ အပေါ် ထင်ကြေးပေးဝေဖန်မှုများနှင့်ပတ်သက်၍ ထရန့်က နှစ်ပေါင်းများစွာ အမေရိကန်ထည့်ဝင်နေခဲ့သော ရန်ပုံငွေပမာဏ၏ ၁၀ ရာခိုင်နှုန်း ပေးအပ်လိမ့်မည်ဟူသည့် အချက်သည် လက်ရှိတွင် စဉ်းစားသုံးသပ်နေဆဲဖြစ်သော အကြောင်းအရာများစွာထဲမှ တစ်ခုဖြစ်ကြောင်း၊ အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း၊ လတ်တလောတွင် WHO သို့ ထည့်ဝင်နေသည့် ရန်ပုံငွေအားလုံး ကိုရပ်ဆိုင်းထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
crd-elevenmediagroup #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment