Sunday, May 17, 2020

ပိုးသတ်ဆေး ဖျန်းခြင်းက လူတို့၏ ကျန်းမာရေးကိုပင် အန္တရာယ် ဖြစ်စေနိုင်ဟု WHO သတိပေး

Image may contain: 1 person

နိုင်ငံအချို့တွင် လုပ်ဆောင်နေသော လမ်းများပေါ် ပိုးသတ်ဆေးဖျန်းခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို ရှင်းလင်းပစ်နိုင်မည်မဟုတ်ဘဲ ကျန်းမာရေး ဘေးအန္တရာယ်ပင် ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စနေနေ့တွင် သတိပေးခဲ့သည်။

ဗိုင်းရပ်စ် တုံ့ပြန်ရေး တစ်စိတ်တစ်ပိုင်းဖြစ်သော မျက်နှာပြင်များအား သန့်စင်ခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းနှင့် ပတ်သက်သော မှတ်တမ်း၌ WHO က ပိုးသတ်ဆေး ဖျန်းခြင်းသည် ထိရောက်မှု မရှိနိုင်ဟု ဆိုထားသည်။
“လမ်းများ၊ ဈေးများကဲ့သို့ ပြင်ပနေရာများအား ပိုးသတ်ဈေးဖျန်းခြင်းတွင် ဖုန်နှင့် အမှိုက်သရိုက်များ၏ အတားအဆီးကြောင့် ပိုးသတ်ဆေးသည် ထိရောက်မှု မရှိနိုင်ကြောင်း၊ အတားအဆီးများ မရှိသည့် တိုင်အောင် ဓာတုဆေးဖျန်းခြင်းသည် ဗိုင်းရပ်စ်အား ရှင်သန်စွမ်းမဲ့စေအောင် ထိတွေ့မှု ကာလအတွက် လုံလုံလောက်လောက် ရှိလိမ့်မည် မဟုတ်ကြောင်း” ယင်း မှတ်တမ်းတွင် ဖော်ပြထားသည်။
WHO က လမ်းများနှင့် ပလက်ဖောင်းများသည် COVID-19 ခိုအောင်းရာအဖြစ် မသုံးသပ်ကြောင်း ပြောကာ ပြင်ပ၌ ထိုသို့သော ပိုးသတ်ဆေးဖျန်းခြင်းမှာ လူတို့၏ ကျန်းမာရေးကိုပင် အန္တရာယ် ဖြစ်စေနိုင်သည်ဟု ဖြည့်စွက် ဆိုခဲ့သည်။
ကရိုရင်း သို့မဟုတ် အခြား အဆိပ်ဖြစ် ဓာတုဆေးများ ဖျန်းခြင်းသည် လူများတွင် မျက်စိနှင့် အရေပြား ကျိန်းစပ်ခြင်းနှင့် ကျောက်ကပ်နှင့် အစာအိမ် အူမကြီးတို့၌ သက်ရောက်မှုများ ဖြစ်စေနိုင်သည်ဟု WHO က သတိပေး ဖော်ပြထားသည်။
crd-mizzima #Myanmar_Online_News

>>zawgyi<<
ပိုးသတ်ဆေး ဖျန်းခြင်းက လူတို့၏ ကျန်းမာရေးကိုပင် အန္တရာယ် ဖြစ်စေနိုင်ဟု WHO သတိပေး
Sunday, May 17, 2020

နိုင်ငံအချို့တွင် လုပ်ဆောင်နေသော လမ်းများပေါ် ပိုးသတ်ဆေး ဖျန်းခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို ရှင်းလင်းပစ်နိုင်မည်မဟုတ်ဘဲ ကျန်းမာရေး ဘေးအန္တရာယ်ပင် ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စနေနေ့တွင် သတိပေးခဲ့သည်။
ဗိုင်းရပ်စ် တုံ့ပြန်ရေး တစ်စိတ်တစ်ပိုင်းဖြစ်သော မျက်နှာပြင်များအား သန့်စင်ခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းနှင့် ပတ်သက်သော မှတ်တမ်း၌ WHO က ပိုးသတ်ဆေး ဖျန်းခြင်းသည် ထိရောက်မှု မရှိနိုင်ဟု ဆိုထားသည်။
“လမ်းများ၊ ဈေးများကဲ့သို့ ပြင်ပနေရာများအား ပိုးသတ်ဈေးဖျန်းခြင်းတွင် ဖုန်နှင့် အမှိုက်သရိုက်များ၏ အတားအဆီးကြောင့် ပိုးသတ်ဆေးသည် ထိရောက်မှု မရှိနိုင်ကြောင်း၊ အတားအဆီးများ မရှိသည့် တိုင်အောင် ဓာတုဆေးဖျန်းခြင်းသည် ဗိုင်းရပ်စ်အား ရှင်သန်စွမ်းမဲ့စေအောင် ထိတွေ့မှု ကာလအတွက် လုံလုံလောက်လောက် ရှိလိမ့်မည် မဟုတ်ကြောင်း” ယင်း မှတ်တမ်းတွင် ဖော်ပြထားသည်။
WHO က လမ်းများနှင့် ပလက်ဖောင်းများသည် COVID-19 ခိုအောင်းရာအဖြစ် မသုံးသပ်ကြောင်း ပြောကာ ပြင်ပ၌ ထိုသို့သော ပိုးသတ်ဆေးဖျန်းခြင်းမှာ လူတို့၏ ကျန်းမာရေးကိုပင် အန္တရာယ် ဖြစ်စေနိုင်သည်ဟု ဖြည့်စွက် ဆိုခဲ့သည်။
ကရိုရင်း သို့မဟုတ် အခြား အဆိပ်ဖြစ် ဓာတုဆေးများ ဖျန်းခြင်းသည် လူများတွင် မျက်စိနှင့် အရေပြား ကျိန်းစပ်ခြင်းနှင့် ကျောက်ကပ်နှင့် အစာအိမ် အူမကြီးတို့၌ သက်ရောက်မှုများ ဖြစ်စေနိုင်သည်ဟု WHO က သတိပေး ဖော်ပြထားသည်။
crd-mizzima #Myanmar_Online_News

0 comments:

Post a Comment