Friday, May 15, 2020

ထိုင်ဝမ်သည် WHO တွင် ပါဝင်ခွင့်ရရှိရေးအတွက် ထိုင်ဝမ်အပေါ်ထားရှိသော တရုတ်အစိုးရ၏ သတ်မှတ်ချက်အား ထိုင်ဝမ် ကန့်ကွက်


Image may contain: 1 person, closeup
ကပ်ရောဂါကာလအတွင်းကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးညီလာခံမတိုင်မီ ထိုင်ဝမ်းသည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တွင် ပါဝင်ခွင့်ရရှိရေးအတွက် ထိုင်ဝမ်အပေါ်ထားရှိသော တရုတ်အစိုးရ၏သတ်မှတ်ချက်အား မေလ ၁၅ ရက်နေ့တွင် ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးမှ ကန့်ကွက်ခဲ့သည်။
WHO အဖွဲ့ဝင်မဟုတ်သော ထိုင်ဝမ်သည် လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ(WHA)၌ လေ့လာသူတစ်ဦးအဖြစ် ပါဝင်ခွင့်ရရေးအတွက် တောင်းဆိုခဲ့သည်။တရုတ်အစိုးရမှ ထိုင်ဝမ်အား ၎င်းတို့၏ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားသည်။

ကမ္ဘာ့ကျန်းမာရေးညီလာခံအား ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခင်ထက် အစောတလျင်ပြုလုပ်ခဲ့ပြီး WHO မှ ထိုင်ဝမ်အား လက်ခံသင့်သည်ဟု ထိုင်ဝမ်မှ ပြောဆိုခဲ့သည်။

တရုတ်အစိုးရမှ ထိုင်ဝမ်အား ၎င်းတို့၏နယ်မြေတစ်ခုအဖြစ် လက်ခံထားသောကြောင့် ထိုင်ဝမ်သည် တရုတ်အစိုးရ၏ လက်အောင်တွင်သာ ပါဝင်နိုင်ကြောင်း ပြောဆိုထားသည်။

တရုတ်အစိုးရသည် နိုင်ငံတကာဇာတ်ခုံပေါ်တွင် ထိုင်ဝမ်ကိုယ်စားပြုရန် ၎င်းတို့၌ အခွင့်အရေးရှိကြောင်း ပြောဆိုထားပြီး ထိုင်ဝမ်ဘက်မှ ၎င်းတို့အစိုးရသည် ဒီမိုကရေစီနည်းကျကျရွေးချယ်ထားပြီး ၎င်းကျွန်းဆွယ်ပေါ်ရှိ လူဦးရေ ၂၃ သန်းအတွက် ကိုယ်စားပြုပြောဆိုနိုင်သည်ဟု ပြောကြားထားပါသည်။

ထိုင်ဝမ်အစိုးရနှင့် တရုတ်အစိုးရတို့ဆက်ဆံရေးပြေလည်ချိန်ဖြစ်သော ၂၀၀၉ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ထိုင်ဝမ်သည် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ လေ့လာသူတစ်ဦးအဖြစ် တက်ရောက်ခဲ့ပါသည်။
သို့သော် တရုတ်အစိုးရမှ ခွဲထွက်ရေး တစ်ဦးအဖြစ် ရှုမြင်ခဲ့သော ထိုင်ဝမ်သမ္မတ Tsai Ing-wen ၏ ရွေးကောက်ပွဲပြီးနောက် ထိုင်ဝမ် ပါဝင်ခွင့်ရရေးကို တရုတ်အစိုးရမှ တားမြစ်ခဲ့သည်။
WHO မှ ထိုင်ဝမ်အား WHA သို့ဖိတ်ကြားရန် ၎င်းတို့၌ လုပ်ပိုင်ခွင့်မရှိကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားထားသည်။
crd-Reuters #Myanmar_Online_News

>>zawgyi<<

ထိုင်ဝမ်သည် WHO တွင် ပါဝင်ခွင့်ရရှိရေးအတွက် ထိုင်ဝမ်အပေါ်ထားရှိသော တရုတ်အစိုးရ၏ သတ်မှတ်ချက်အား ထိုင်ဝမ် ကန့်ကွက်
Friday, May 15, 2020

ကပ်ရောဂါကာလအတွင်းကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ မတိုင်မီ ထိုင်ဝမ်းသည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တွင် ပါဝင်ခွင့်ရရှိရေးအတွက် ထိုင်ဝမ်အပေါ်ထားရှိသော တရုတ်အစိုးရ၏သတ်မှတ်ချက်အား မေလ ၁၅ ရက်နေ့တွင် ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးမှ ကန့်ကွက်ခဲ့သည်။

WHO အဖွဲ့ဝင်မဟုတ်သော ထိုင်ဝမ်သည် လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ(WHA)၌ လေ့လာသူတစ်ဦးအဖြစ် ပါဝင်ခွင့်ရရေးအတွက် တောင်းဆိုခဲ့သည်။တရုတ်အစိုးရမှ ထိုင်ဝမ်အား ၎င်းတို့၏ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားသည်။

ကမ္ဘာ့ကျန်းမာရေးညီလာခံအား ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခင်ထက် အစောတလျင်ပြုလုပ်ခဲ့ပြီး WHO မှ ထိုင်ဝမ်အား လက်ခံသင့်သည်ဟု ထိုင်ဝမ်မှ ပြောဆိုခဲ့သည်။

တရုတ်အစိုးရမှ ထိုင်ဝမ်အား ၎င်းတို့၏နယ်မြေတစ်ခုအဖြစ် လက်ခံထားသောကြောင့် ထိုင်ဝမ်သည် တရုတ်အစိုးရ၏ လက်အောင်တွင်သာ ပါဝင်နိုင်ကြောင်း ပြောဆိုထားသည်။

တရုတ်အစိုးရသည် နိုင်ငံတကာဇာတ်ခုံပေါ်တွင် ထိုင်ဝမ်ကိုယ်စားပြုရန် ၎င်းတို့၌ အခွင့်အရေးရှိကြောင်း ပြောဆိုထားပြီး ထိုင်ဝမ်ဘက်မှ ၎င်းတို့အစိုးရသည် ဒီမိုကရေစီနည်းကျကျရွေးချယ်ထားပြီး ၎င်းကျွန်းဆွယ်ပေါ်ရှိ လူဦးရေ ၂၃ သန်းအတွက် ကိုယ်စားပြုပြောဆိုနိုင်သည်ဟု ပြောကြားထားပါသည်။

ထိုင်ဝမ်အစိုးရနှင့် တရုတ်အစိုးရတို့ဆက်ဆံရေးပြေလည်ချိန်ဖြစ်သော ၂၀၀၉ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ထိုင်ဝမ်သည် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ လေ့လာသူတစ်ဦးအဖြစ် တက်ရောက်ခဲ့ပါသည်။
သို့သော် တရုတ်အစိုးရမှ ခွဲထွက်ရေး တစ်ဦးအဖြစ် ရှုမြင်ခဲ့သော ထိုင်ဝမ်သမ္မတ Tsai Ing-wen ၏ ရွေးကောက်ပွဲပြီးနောက် ထိုင်ဝမ် ပါဝင်ခွင့်ရရေးကို တရုတ်အစိုးရမှ တားမြစ်ခဲ့သည်။
WHO မှ ထိုင်ဝမ်အား WHA သို့ဖိတ်ကြားရန် ၎င်းတို့၌ လုပ်ပိုင်ခွင့်မရှိကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားထားသည်။
crd-Reuters #Myanmar_Online_News

0 comments:

Post a Comment