Wednesday, May 13, 2020

ကိုရိုနာဗိုင်းရပ်စ်က ဘယ်တော့မှ ပျောက်မသွားနိုင်ကြောင်း WHO တာဝန်ရှိသူပြော

Image may contain: 2 people, suit and text

ကိုရိုနာဗိုင်းရပ်စ်က ဘယ်တော့မှ ပျောက်မသွားနိုင်ကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းရှိ လူတွေဟာ ၎င်းနဲ့အတူ ယှဥ်တွဲနေထိုင်ရန် လေ့လာသင်ယူကြရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ တာဝန်ရှိသူတစ်ဦးက မေ ၁၃ ရက်မှာ သတိပေးခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း နိုင်ငံအချို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဟန့်တားနိုင်ရေး lockdown ပိတ်ပင်ကန့်သတ် ချက်တွေကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေစဥ် ဗိုင်းရပ်စ်ကို ဘယ်တော့မှ လုံးဝ တိုက်ဖျက်ပစ်နိုင်ဖွယ် မရှိဘူးလို့ WHO တာဝန်ရှိသူက ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
မေ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ WHO ရဲ့ အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမိုက်ခ်ရိုင်ယန် (Dr. Mike Ryan) က ဗိုင်းရပ်စ် ပျောက်ကွယ်သွားမယ့်အချိန်ကို ခန့်မှန်းရန်ကြိုးပမ်းနေမှုအပေါ် မထောက်ခံဘဲ ထိုသို့ သတိပေးခဲ့ကြောင်း သိရပါတယ်။ ကာကွယ်ဆေးတစ်ခု ထွက်ပေါ်လာခဲ့ရင်တောင်မှ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ကြီးမားတဲ့အားထုတ်မှု လိုအပ်လိမ့်မယ်လို့လည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး COVID-19 ရောဂါကြောင့် လက်ရှိအချိန်အထိ လူ ၃၀၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်ကာ လူဦးရေ ၄.၃ သန်းကျော်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ COVID-19 ကနေ ပြန်လည်သက်သာလာသူကတော့ ကမ္ဘာတစ်ဝှမ်းမှာ ၁.၆ သန်းကျော်ရှိကြောင်းလည်း သိရပါတယ်။
"ဒီဗိုင်းရပ်စ်က လူတွေကြားမှာ အခြား အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်တစ်မျိုး ဖြစ်လာနိုင်တာကိုဆွေးနွေးဖို့ အရေးကြီးပါတယ်၊ ပြီးတော့ ဒီဗိုင်းရပ်စ်က ဘယ်တော့မှ ပျောက်မသွားနိုင်ပါဘူး" လို့ ဒေါက်တာရိုင်ယန်က ပြောခဲ့ပါတယ်။ "HIV က ပျောက်မသွားပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်နဲ့အတူ သက် တမ်းတွေရှိလာခဲ့ကြတယ်" လို့ ၎င်းက ထောက်ပြပါတယ်။
COVID-19 ရောဂါ ပျောက်ကွယ်သွားမယ့်အချိန်ကို တစ်စုံတစ်ဦးက ခန့်မှန်းနိုင်ကြောင်းကိုလည်း ၎င်းအနေနဲ့ မယုံကြည်ဘူးလို့ ဒေါက်တာရိုင်ယန်က ပြောခဲ့ပါတယ်။ လက်ရှိမှာ COVID-19 အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ ကျော် ထုတ်လုပ်နေကြကြောင်း၊ သို့သော် ဝက်သက်ကဲ့သို့ ကာကွယ်ဆေးရှိနေပေမဲ့ အမြစ်ပြတ် တိုက်ထုတ်နိုင်ခြင်းမရှိသေးတဲ့ အခြားရောဂါများရှိနေကြောင်းလည်း ဒေါက်တာရိုင်ယန်က ဆိုပါတယ်။
WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း အားထုတ်ကြိုးပမ်းမှုဖြင့် ဗိုင်းရပ်စ်ကိုထိန်းချုပ်ရန် ဖြစ်နိုင်ခြေ ရှိနေဆဲဖြစ်ကြောင်း အလေးထား ပြောခဲ့ပါတယ်။ "အနာဂတ်အလားအလာက ကျွန်တော်တို့ လက်ထဲမှာပါ၊ ဒါက လူတိုင်းရဲ့ အလုပ်ဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံး ဒီကပ်ရောဂါကို ရပ်တန့်ဖို့ ပါဝင်လုပ်ဆောင်သင့်ပါတယ်" လို့ WHO အကြီးအကဲက ဆိုပါတယ်။
Image may contain: one or more people
No photo description available.
Image may contain: outdoor, text that says 'World Organization Health'
Ref ; Duwun

0 comments:

Post a Comment