Sunday, May 10, 2020

ဆေးလိပ်သောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို မကာကွယ်နိုင်ကြောင်း WHO ပြော

Image may contain: one or more people

ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က ဆေးလိပ်သောက်သုံးခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်တားဆီးနိုင်ခြင်း မရှိကြောင်း မေ ၈ ရက်တွင် ပြောကြားလိုက်သည်။
“ အချို့သော သိပ္ပံပညာရှင်တွေက စီးကရက်သောက်သူတွေဟာ COVID-19 ရောဂါနဲ့ ဆေးရုံရောက်တာ နည်းပါးတယ်” ဆိုပြီး ပြောဆိုနေမှုနှင့်ပတ်သက်၍ WHO ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ်မှ COVID-19 တုံ့ပြန်ရေး နည်းစနစ်အဖွဲ့ခေါင်းဆောင် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Maria Van Kerkhove က ယင်းပြောဆိုချက်များသည် တိကျမှန်ကန်မှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထည့်သွင်းပြောကြားခဲ့သည်။

“ အချို့သော မီဒီယာတွေမှာ ဖော်ပြနေတဲ့ လေ့လာမှုတွေမှာ COVID-19 ရောဂါနဲ့ဆေးရုံတင်ထားရသူတွေအကြားမှာ ဆေးလိပ်သောက်သူပါဝင်မှု နည်းပါးတယ်ဆိုပြီး ပြောဆိုနေတာတွေဟာ ခိုင်မာ တိကျတဲ့ အထောက်အတားတွေ မရှိပါဘူး ၊ အဲဒီလေ့လာမှုတွေမှာ ဆေးလိပ်သောက်သုံးခြင်းဖြင့် ရောဂါကာကွယ်နိုင်ကြောင်း သို့မဟုတ် ဘယ်လိုပုံစံမျိုးနဲ့ အကာအကွယ်ဖြစ်စေကြောင်း တိကျသေချာတဲ့ အချက်အလက်တွေလည်း မပါပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ ဆေးရွက်ကြီးရဲ့ အန္တရာယ်ကို အားလုံး ကောင်းစွာ သိထားကြပြီးသားပါ။ ဆေးလိပ်သောက်လို့ နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံးနေရတာကို ကျွန်မတို့ သိပြီးသားပဲလေ။ COVID-19 ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သလို ဆေးလိပ်သောက်ရင် လည်ချောင်းပြွန်တွေကို ထိခိုက်ပျက်စီးစေမှာပဲ ” ဟု ၎င်းက ဆိုသည်။
“ လေ့လာမှုအများအပြားအရ ဆေးလိပ်သောက်သူများအနေဖြင့် ပြင်းထန်သောရောဂါဝေဒနာကို ခံစားရကြောင်း နှင့် အဆိုပါ လူနာများသည် အသက်ရှူစက်(ventilator) အကူအညီဖြင့် ကုသမှုခံယူရသလို ပို၍ အန္တရာယ်များပြားကြောင်း နှင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူကြရကြောင်း” ၎င်း ကဆက်လက်ပြောကြားခဲ့သည်။
“ ဆေးလိပ်ရဲ့ ထိခိုက်မှုတွေကို ကျွန်မတို့ ကောင်းကောင်းသိကြပါတယ်၊ အဲဒီဆေးလိပ်သောက်သူတွေဟာလည်း အကယ်၍ သူတို့အနေနဲ့ COVID-19 ကူးစက်ခံရပြီးဆိုရင် အပြင်းအထန်ရောဂါလက္ခဏာ ခံစားရသလို ၊ သေဆုံးရတာအထိ အန္တရာယ်ကြီးမားပါတယ်” ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
Image may contain: outdoor, text that says 'SMOKING CABIN SG Launch of Singapore's First Smoking Cabin'
Image may contain: 1 person
Ref ; Xinhua

0 comments:

Post a Comment