Saturday, May 9, 2020

WHO တွင် ထိုင်ဝမ်ပါဝင်ခွင့်ရရှိရေးကို ထောက်ခံအားပေးကြရန် အမေရိကန်ဥပဒေပြုအမတ်များတိုက်တွန်း


Image may contain: 1 person, eyeglasses and suit
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးအား ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လုပ်အပ်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တွင် ထိုင်ဝမ်ပါဝင်ခွင့်ရရှိ ရေးကို ထောက်ခံအားပေးကြရန်နိုင်ငံပေါင်း ၆၀ နီးပါးအားအမေရိကန်ကွန်ဂရက်နိုင်ငံခြားရေးရာကော်မတီခေါင်းဆောင်များမှမေလ၈ ရက်နေ့တွင် စာပေးပို့၍ တောင်းဆိုခဲ့ကြသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော ထိုင်ဝမ်သည် တရုတ်အစိုးရ၏ကန့်ကွက်မှု ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီဖြစ်သော WHO ၏ ချန်လှပ်ခြင်းကို ခံထားရပါသည်။
အဆိုပါတိုက်တွန်းစာတွင် အမေရိကန်နိုင်ငံခြားရေးကော်မတီမှ ဒီမိုကရက်တစ် ဥက္ကဋ္ဌ Eliot Engle ၊ ရီပတ်ဘလီကန်အမတ် Michael McCaul နှင့်အတူ ရီပတ်ပလီကန် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Jim Risch နှင့် ဒီမိုကရက်တစ်အမတ် Bob Menendez တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါတိုက်တွန်းစာအား ကနေဒါ၊ ထိုင်း၊ ဂျပန်၊ ဂျာမဏီ၊ ဗြိတိန်၊ ဆော်ဒီအာရေဗျ နှင့် ဩစတြေးလျအပါအဝင် ထိုင်ဝမ်နှင့် မဟာမိတ်နိုင်ငံများဖြစ်သည့် နိုင်ငံများသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် အမေရိကန်အရာရှိများသည် ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ဝေဖန်မှုမြင့်တက်လာခဲ့ပြီး အဆိုပါ တိုက်တွန်းစာအား ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်အစိုးရအဖွဲ့မှ တရုတ်နိုင်ငံသည် သတင်းမှန်ကိုဖုံးကွယ်ထားသောကြောင့် ကပ်ရောဂါပိုမိုဆိုးဝါးလာခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
လွန်ခဲ့သည့်လက ကပ်ရောဂါနှင့်ပတ်သက်၍ WHO သည် တရုတ်နိုင်ငံ၏ သတင်းအချက်အလက်အမှားများအပေါ် ထောက်ခံအားပေး၍ တရုတ်ဘက်သို့ ဘက်လိုက်ခဲ့သည်ဟုဆိုကာ ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းကြောင်း ဒေါ်နယ်ထရန့်မှ ကြေညာခဲ့သည်။
ထိုင်ဝမ်သည် ယခုလတွင် ကျင်းပမည့် အမေရိကန်နှင့် မဟာမိတ်နိုင်ငံ အများစုတက်ရောက်သော ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) သို့ တက်ရောက်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော် ထိုင်ဝမ်အား တရုတ်နိုင်ငံ၏ပြည်နယ်တစ်ခုအဖြစ် သဘောထားသော တရုတ်အစိုးရမှ ထိုင်ဝမ်အစိုးရ၏ကြိုးပမ်းမှုသည် အောင်မြင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထိုင်ဝမ်အားချန်လှပ်ထားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ကွာခြားချက် ဖြစ်စေသည်ဟု ထိုင်ဝမ်မှ ပြောဆိုခဲ့သည်။
အဆိုပါတိုက်တွန်းစာတွင် ထိုင်ဝမ်ပညာရှင်များနှင့် ကျွမ်းကျင်သူများမှ ၎င်းတို့သည် ကပ်ရောဂါရင်ဆိုင်နေရသော ကမ္ဘာကြီးအား အကျိုးသက်ရောက်နိုင်သည်ဟုအခိုင်အမာပြောဆိုခဲ့ကြောင်း အမေရိကန်အမတ်များမှ ပြောဆိုခဲ့ကြသည်။ ထိုင်ဝမ်သည် ၂၀၀၉ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးညီလာခံ WHA တွင် ပါဝင်ရန် ဖိတ်ကြားခံခဲ့သည်ဟု အမေရိကန်အမတ်များမှမှတ်ချက်ပြုခဲ့ကြသည်။
Ref;Reuters
>>zawgyi<<
WHO တွင် ထိုင်ဝမ်ပါဝင်ခွင့်ရရှိရေးကို ထောက်ခံအားပေးကြရန် အမေရိကန်ဥပဒေပြုအမတ်များတိုက်တွန်း
Saturaday, May 9, 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးအား ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လုပ်အပ်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တွင် ထိုင်ဝမ်ပါဝင်ခွင့်ရရှိ ရေးကို ထောက်ခံအားပေးကြရန်နိုင်ငံေပါင်း ၆၀ နီးပါးအားအမေရိကန်ကွန်ဂရက်နိုင်ငံခြားရေးရာကော်မတီခေါင်းဆောင်များမှမေလ၈ ရက်နေ့တွင် စာပေးပို့၍ တောင်းဆိုခဲ့ကြသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်ေသာ ထိုင်ဝမ်သည် တရုတ်အစိုးရ၏ကန့်ကွက်မှု ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီဖြစ်သော WHO ၏ ချန်လှပ်ခြင်းကို ခံထားရပါသည်။
အဆိုပါတိုက်တွန်းစာတွင် အမေရိကန်နိုင်ငံခြားရေးကော်မတီမှ ဒီမိုကရက်တစ် ဥက္ကဋ္ဌ Eliot Engle ၊ ရီပတ်ဘလီကန်အမတ် Michael McCaul နှင့်အတူ ရီပတ်ပလီကန် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Jim Risch နှင့် ဒီမိုကရက်တစ်အမတ် Bob Menendez တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါတိုက်တွန်းစာအား ကနေဒါ၊ ထိုင်း၊ ဂျပန်၊ ဂျာမဏီ၊ ဗြိတိန်၊ ဆော်ဒီအာရေဗျ နှင့် ဩစတြေးလျအပါအဝင် ထိုင်ဝမ်နှင့် မဟာမိတ်နိုင်ငံများဖြစ်သည့် နိုင်ငံများသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အေမရိကန္သမၼတေဒၚနယ္ထရန႔္ႏွင့် အမေရိကန်အရာရှိများသည် ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ဝေဖန်မှုမြင့်တက်လာခဲ့ပြီး အဆိုပါ တိုက်တွန်းစာအား ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်အစိုးရအဖွဲ့မှ တရုတ်နိုင်ငံသည် သတင်းမှန်ကိုဖုံးကွယ်ထားသောကြောင့် ကပ်ရောဂါပိုမိုဆိုးဝါးလာခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
လွန်ခဲ့သည့်လက ကပ်ရောဂါနှင့်ပတ်သက်၍ WHO သည် တရုတ်နိုင်ငံ၏ သတင်းအချက်အလက်အမှားများအပေါ် ထောက်ခံအားပေး၍ တရုတ်ဘက်သို့ ဘက်လိုက်ခဲ့သည်ဟုဆိုကာ ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းကြောင်း ဒေါ်နယ်ထရန့်မှ ကြေညာခဲ့သည်။
ထိုင်ဝမ်သည် ယခုလတွင် ကျင်းပမည့် အမေရိကန်နှင့် မဟာမိတ်နိုင်ငံ အများစုတက်ရောက်သော ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) သို့ တက်ရောက်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော် ထိုင်ဝမ်အား တရုတ်နိုင်ငံ၏ပြည်နယ်တစ်ခုအဖြစ် သဘောထားသော တရုတ်အစိုးရမှ ထိုင်ဝမ်အစိုးရ၏ကြိုးပမ်းမှုသည် အောင်မြင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထိုင်ဝမ်အားချန်လှပ်ထားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ကွာခြားချက် ဖြစ်စေသည်ဟု ထိုင်ဝမ်မှ ပြောဆိုခဲ့သည်။
အဆိုပါတိုက်တွန်းစာတွင် ထိုင်ဝမ်ပညာရှင်များနှင့် ကျွမ်းကျင်သူများမှ ၎င်းတို့သည် ကပ်ရောဂါရင်ဆိုင်နေရသော ကမ္ဘာကြီးအား အကျိုးသက်ရောက်နိုင်သည်ဟုအခိုင်အမာပြောဆိုခဲ့ကြောင်း အမေရိကန်အမတ်များမှ ပြောဆိုခဲ့ကြသည်။ ထိုင်ဝမ်သည် ၂၀၀၉ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးညီလာခံ WHA တွင် ပါဝင်ရန် ဖိတ်ကြားခံခဲ့သည်ဟု အမေရိကန်အမတ်များမှမှတ်ချက်ပြုခဲ့ကြသည်။
Ref;Reuters

0 comments:

Post a Comment