Friday, May 15, 2020

ရွှေဆိုင် ဓားပြတိုက်ပြီး လူသတ်သွားသည့် တရုတ်နိုင်ငံသား ၃ ဦးကို UWSA က သေဒဏ်ပေး

Image may contain: one or more people and outdoor
ရွှေဆိုင် ဓားပြတိုက်ပြီး လူသတ်မှုကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား ၃ ဦးကို သေဒဏ်ပေးလိုက်ကြောင်း UWSA မှပြန်ကြာ း ရေးတာဝန်ခံ ဦးညီရမ်းထံ မှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ၃ ဦးသည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က (၀) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်တစ်မြို့ရှိ ရွှေဆိုင်တစ်ခုကိုဝင်ရောက်ဓားပြတိုက် လုယက်ပြီး ဆိုင်ရှင်ကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက "သေနတ်နဲ့ပစ်သတ်တာပါ။ အရင်ကလည်း စီရင်နေကြပါ။ တရားဥပဒေအရှေ့မှာ မည်သူမဆို တန်းတူပါပဲ" ဟု သတင်းတမန်သို့ ပြောကြားခဲ့သည်။
အဆိုပါ ကျူးလွန်သူ တရုတ်နိုင်ငံသား ၃ ဦးထဲမှ ၂ ဦးကို အခင်းဖြစ်သည့်နေ့မှာပင်ဖမ်းဆီးရမိပြီး ကျန် ၁ ဦးကို မေလ ၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဦးညီရမ်းထံမှသိရသည်။
ယင်းနောက် ရွှေဆိုင်ဓါးမြတိုက် လုယှက်မှုနှင့်လူသတ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၃ဦးကို မေလ ၁၄ ရက်နေ့တွင် "ဝ"ဒေသရှိ တရားရုံးမှသေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
Image may contain: car and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people standing and outdoor
Ref ; News Ambassador

0 comments:

Post a Comment