Friday, May 15, 2020

UWSA (ဝ)အဖွဲ့နှင့်NDAA (မိုင်းလား)အဖွဲ့ နယ်မြေများအတွင်း (Covid-19) ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်


Image may contain: one or more people and people sitting
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယွန်းဒေသနှင့် မိုင်းလားဒေသများသို့ ရောက်ရှိနေသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များသည် ယနေ့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုင်းစစ်ဌာနချုပ်ဆေးအဖွဲ့က မိုင်းယွန်း ပြည်သူ့ဆေးရုံ၌ UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများအားလည်းကောင်း၊ နမ့်ပန်းဒေသရှိ ကျင်းရဲ(အာခါရွာ)၊ ကျင်းရဲ(ရှမ်းရွာ)နှင့် ကျင်းရဲ (ကိုးကန့်ရွာ)တို့မှ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ကျင်းရဲ (ရှမ်းရွာ)ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များအား လည်းကောင်း ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် (Covid-19) ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

>>zawgyi<<

UWSA (ဝ)အဖွဲ့နှင့်NDAA (မိုင်းလား)အဖွဲ့ နယ်မြေများအတွင်း (Covid-19) ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်
Saturday, May 16, 2020

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယွန်းဒေသနှင့် မိုင်းလားဒေသများသို့ ရောက်ရှိနေ သည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များသည် ယနေ့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိေကြာင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုင်းစစ်ဌာနချုပ်ဆေးအဖွဲ့က မိုင်းယွန်း ပြည်သူ့ဆေးရုံ၌ UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများအားလည်းကောင်း၊ နမ့်ပန်းဒေသရှိ ကျင်းရဲ(အာခါရွာ)၊ ကျင်းရဲ(ရှမ်းရွာ)နှင့် ကျင်းရဲ (ကိုးကန့်ရွာ)တို့မှ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ကျင်းရဲ (ရှမ်းရွာ)ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များအား လည်းကောင်း ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် (Covid-19) ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment