Wednesday, May 13, 2020

UWSA (ဝ)အဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့ နယ်မြေများအတွင်း (Covid-19) ရောဂါ ကြိုတင်ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်

Image may contain: 1 person, sitting and standing

တပ်မတော်အနေဖြင့် Covid-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက် အားတိုက်ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် သွားလာမှုခက်ခဲသည့်ဒေသဖြစ်သဖြင့် အရေးပေါ်အ ခြေအနေဖြစ်ပေါ်လာပါက စိုးရိမ်ဖွယ်ရာ ဖြစ်သည့်အတွက် (Covid-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့် မေလ ၁၀ ရက်နေ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေသို့ သွားရောက်ခဲ့စဉ် လမ်းညွှန်မှာကြားခဲ့သည်။

ထိုသို့ လမ်းညွှန်မှာကြားချက်အရ နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်၊ ဆီဟုတ်၊ မိုင်းယွန်း၊ ဟိုပန်၊ ဟိုရွက်၊ ဟွေအောနှင့် မုန်းကျွတ်ဒေသတို့ရှိ UWSA (ဝ)တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊ ဒေသခံ တိုင်းရင်း သားပြည်သူများအား (Covid-19) ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါ ရှာဖွေခြင်း၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် (Covid-19) ရောဂါ ကာကွယ်ရေးဆိုင်ရာပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ပေးပြီး ဝမ်ဟုန်ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသော UWSA (ဝ) တပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူ များအား အာဟာရဖြည့်စွက်စာများဖြစ်သည့် နွားနို့၊ ကြက်ဥ၊ ပေါင်မုန့် စသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ကျိုင်းတုံမြို့ရှိ နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များကလည်း NDAA (မိုင်းလား)ဒေသအား Covid-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးရန် အတွက် မိုင်းလားမြို့ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေသခံပြည်သူများအား Quarantine ပြုလုပ်ထားရှိသည့် မိုင်းလားမြို့၊ ပါခါးကျေးရွာ တိုင်းရင်းသားကျောင်း၌လည်းကောင်း၊ NDAA (မိုင်းလား)အဖွဲ့တို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် (Covid-19)ရောဂါကာကွယ်ရေးဆိုင်ရာပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးခဲ့ကြသည်။
တပ်မတော်အနေဖြင့် သွားလာမှုခက်ခဲသည့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဒေသခံပြည်သူများကို (Covid-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာများနှင့်ပတ်သက်၍ အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
Image may contain: 1 person, sitting

0 comments:

Post a Comment