Saturday, May 9, 2020

ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံထုတ်လုပ်မှုနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်နေသည့်ြကားတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆော်ဒီဘုရင် Salam မှ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ထပ်မံအတည်ပြု

Image may contain: 1 person
မေလ ၈ ရက်နေ့တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆော်ဒီအာရေဗျ ဘုရင် Salman တို့သည် တယ်လီဖုန်းပြောဆိုခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံ ထုတ်လုပ်မှုနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်နေသည့်ကြားတွင် ခိုင်မာသော အမေရိကန်-ဆော်ဒီ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အား ထပ်မံအတည်ပြုခဲ့သည်ဟု အိမ်ဖြူတော်မှ ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံတွင် တပ်ဖြန့်ထားသည့် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် ၂ ခုအား ရုတ်သိမ်းရန် စီစဉ်ထားသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတနှင့်ဆော်ဒီဘုရင်တို့ တယ်လီဖုန်း ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်သူ များအပေါ် ဖိအားပေးလျက်ရှိသည့် Coronavirus ရောဂါ စတင်ဖြစ်ပွားစဉ်ကာလ အတွင်း ဆော်ဒီနိုင်ငံ၏ ရေနံထုတ်လုပ်မှုအား လျှော့ချနိုင်ရေးအတွက် ဆော်ဒီအာရေဗျ နိုင်ငံအား စည်းရုံးရန် လွန်ခဲ့သောလက လုပ်ဆောင်ခဲ့ပါသည်။
“ နှစ်နိုင်ငံခေါင်းဆောင်များမှ ကမ္ဘာ့စွမ်းအင်ဈေးကွက်များတွင် တည်ငြိမ်မှုသည် အရေးကြီးကြောင်း သဘောတူ လက်ခံခဲ့ပြီး အမေရိကန်-ဆော်ဒီ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ထပ်မံအတည်ပြုခဲ့သည်” ဟု အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူ Judd Deere က ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆော်ဒီဘုရင် Salman တို့သည် G7 နှင့် G20 ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အခြားသော အရေးပါသည့် ဒေသတွင်းနှင့် နှစ်နိုင်ငံ ပြဿနာများကိုလည်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် Patriot ဒုံးကျည်များနှင့်ပတ်သက်၍ ဖော်ပြထားခြင်း မရှိဘဲ မှတ်ချက်ပြုပြောကြားရန် အိမ်ဖြူတော်မှ ငြင်းဆိုခဲ့ပါသည်။ မေလ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ ဒုံးကျည်များအား ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်သော်လည်း ဆော်ဒီအာရေဗျနိုင်ငံ အပေါ် အမေရိကန်၏ ထောက်ပံ့မှု လျော့နည်းသွားခြင်းမရှိကြောင်း၊ ရေနံပြဿနာ များနှင့်ပတ်သက်၍ ဆော်ဒီနိုင်ငံအား ဖိအားပေးရန် ကြိုးပမ်းခြင်းမဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ ၎င်းသည် အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံအပေါ် ကာလအတန်ကြာ ခြိမ်းခြောက်မှုမပြုလုပ်ရန် စဉ်းစားနေသည်ဟု ဆိုလိုခြင်းမဟုတ် ကြောင်း Pompeo ထပ်မံပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ “Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်များအား အချိန်အတော်ကြာ ထားရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတပ်ဖွဲ့ များ ပြန်လာရန် လိုအပ်ကြောင်း၊ ၎င်းမှာ ပုံမှန်လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း” Ben Shapiro ရေဒီယိုအစီအစဉ်သို့ ပြောကြားခဲ့ပါသည်။
တယ်လီဖုန်းပြောဆိုမှုနှင့်ပတ်သက်သည့် ကြေညာချက်တစ်စောင်တွင် အမေရိကန် နိုင်ငံသည် ဒေသတွင်းရှိ ၎င်း၏မဟာမိတ်များ၏ လုံခြုံရေးနှင့် ၎င်း၏ အကျိုးစီးပွား များကို ကာကွယ်ရန် ကတိကဝတ်ပြုသည်ဟု ထရန့်မှ အတည်ပြုခဲ့ကြောင်း ဆော်ဒီ အာရေဗျနိုင်ငံမှ ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ယီမင်နိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်ရည်ရွယ်သည့် ကြိုးပမ်းအားထုတ် မှုများအား ထောက်ခံကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ ထပ်မံပြောကြားခဲ့ သည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။
Ref;Reuters
>>zawgyi<<
ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံထုတ်လုပ်မှုနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်နေသည့်ြကားတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆော်ဒီဘုရင် Salam မှ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ထပ်မံအတည်ပြု
Saturaday, May 9, 2020

မေလ ၈ ရက်နေ့တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆော်ဒီအာရေဗျ ဘုရင် Salman တို့သည် တယ်လီဖုန်းပြောဆိုခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံ ထုတ်လုပ်မှုနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်နေသည့်ြကားတွင် ခိုင်မာသော အမေရိကန်-ဆော်ဒီ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အား ထပ်မံအတည်ပြုခဲ့သည်ဟု အိမ်ဖြူတော်မှ ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံတွင် တပ်ဖြန့်ထားသည့် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် ၂ ခုအား ရုတ်သိမ်းရန် စီစဉ်ထားသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတနှင့်ဆော်ဒီဘုရင်တို့ တယ်လီဖုန်း ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်သူ များအပေါ် ဖိအားပေးလျက်ရှိသည့် Coronavirus ရောဂါ စတင်ဖြစ်ပွားစဉ်ကာလ အတွင်း ဆော်ဒီနိုင်ငံ၏ ရေနံထုတ်လုပ်မှုအား လျှော့ချနိုင်ရေးအတွက် ဆော်ဒီအာရေဗျ နိုင်ငံအား စည်းရုံးရန် လွန်ခဲ့သောလက လုပ်ဆောင်ခဲ့ပါသည်။
“ နှစ်နိုင်ငံခေါင်းဆောင်များမှ ကမ္ဘာ့စွမ်းအင်ဈေးကွက်များတွင် တည်ငြိမ်မှုသည် အရေးကြီးကြောင်း သဘောတူ လက်ခံခဲ့ပြီး အမေရိကန်-ဆော်ဒီ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ထပ်မံအတည်ပြုခဲ့သည်” ဟု အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူ Judd Deere က ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆော်ဒီဘုရင် Salman တို့သည် G7 နှင့် G20 ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အခြားသော အရေးပါသည့် ဒေသတွင်းနှင့် နှစ်နိုင်ငံ ပြဿနာများကိုလည်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် Patriot ဒုံးကျည်များနှင့်ပတ်သက်၍ ဖော်ပြထားခြင်း မရှိဘဲ မှတ်ချက်ပြုပြောကြားရန် အိမ်ဖြူတော်မှ ငြင်းဆိုခဲ့ပါသည်။ မေလ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ြကီး Mike Pompeo မှ ဒုံးကျည်များအား ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်သော်လည်း ဆော်ဒီအာရေဗျနိုင်ငံ အပေါ် အမေရိကန်၏ ထောက်ပံ့မှု လျော့နည်းသွားခြင်းမရှိကြောင်း၊ ရေနံပြဿနာ များနှင့်ပတ်သက်၍ ဆော်ဒီနိုင်ငံအား ဖိအားပေးရန် ကြိုးပမ်းခြင်းမဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ ၎င်းသည် အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံအပေါ် ကာလအတန်ကြာ ခြိမ်းခြောက်မှုမပြုလုပ်ရန် စဉ်းစားနေသည်ဟု ဆိုလိုခြင်းမဟုတ် ကြောင်း Pompeo ထပ်မံပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ြကီး Mike Pompeo မှ “Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်များအား အချိန်အတော်ကြာ ထားရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတပ်ဖွဲ့ များ ပြန်လာရန် လိုအပ်ကြောင်း၊ ၎င်းမှာ ပုံမှန်လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း” Ben Shapiro ရေဒီယိုအစီအစဉ်သို့ ပြောကြားခဲ့ပါသည်။
တယ်လီဖုန်းပြောဆိုမှုနှင့်ပတ်သက်သည့် ကြေညာချက်တစ်စောင်တွင် အမေရိကန် နိုင်ငံသည် ဒေသတွင်းရှိ ၎င်း၏မဟာမိတ်များ၏ လုံခြုံရေးနှင့် ၎င်း၏ အကျိုးစီးပွား များကို ကာကွယ်ရန် ကတိကဝတ်ပြုသည်ဟု ထရန့်မှ အတည်ပြုခဲ့ကြောင်း ဆော်ဒီ အာရေဗျနိုင်ငံမှ ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ယီမင်နိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်ရည်ရွယ်သည့် ကြိုးပမ်းအားထုတ် မှုများအား ထောက်ခံကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ ထပ်မံပြောကြားခဲ့ သည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။
Ref;Reuters

0 comments:

Post a Comment