Saturday, May 9, 2020

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ဒုတိယအကြိမ်ကယ်ဆယ်ရေးလေယာဉ်(Relief Flight) ဖြင့် ပြန်လည်ပို့ဆောင်

Image may contain: one or more people, people standing and outdoor
ယနေ့ ၉-၅-၂၀၂၀ရက်(စနေနေ့)၊ ဒေသစံတော်ချိန် (၁၃:၄၅)နာရီ၌ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား (၁၄၄)ဦးအား ဒုတိယအကြိမ်အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပါသည်။ 

အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသည့်သူများ၊ မိမိစရိတ်ဖြင့် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၊ အလုပ်လုပ်ခွင့်ပါမစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသူများနှင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများ အပါအဝင် စုစုပေါင်း (၁၄၄)ဦး လိုက်ပါသွားခဲ့ပါသည်။
ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေ ချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ် အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Image may contain: one or more people, people standing, basketball court and outdoor
Image may contain: one or more people, people standing and outdoor
Source : ministry of foreign affairs myanmar #Myanmar_Online_News

0 comments:

Post a Comment