Sunday, May 10, 2020

RCSS/SSA တပ်ဖွဲ့ဝင် ၉ ဦး မိုင်းတုံသို့ ထွက်ပြေးလာဟု ဆို

Image may contain: one or more people, people sitting and outdoor
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)မှ တပ်ဖွဲ့ဝင် ၉ ဦးသည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့သို့ မေလ ၉ ရက်က လက်နက်မဲ့ ထွက်ပြေး ရောက်ရှိလာကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံက သိရသည်။

၎င်းတို့ ၉ ဦးမှာ RCSS/SSA လွယ်တိုင်းလျန်ဌာနချုပ်မှ တပ်စုမှူးအဆင့်ရှိ စိုင်းထွန်းကျော် ဦးစီးသော တပ်ဖွဲ့ဝင် ၆ ဦးနှင့် ဌာနချုပ်တွင် အချုပ်ကျ နေသူ ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထွက်ပြေး လာသူများကို မိုင်းတုံမြို့၌ ထားရှိ၍ နယ်မြေခံ စစ်ဗျူဟာမှ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Ref ; Kanbawza Tai News

0 comments:

Post a Comment