Saturday, May 9, 2020

နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် Quarantine ဝင်နေသည့် အစိုးရဝန်ထမ်း ၈၀၀ကျော်ထိ ရှိ

Image may contain: outdoor

နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် Quarantine ၀င်ရောက်နေသည့် အစိုးရ၀န်ထမ်း ၈၀၀ ကျော် ဝင်နေကြာင်း ကုသရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါက်တာ၀င်းမာလာကြင်ကပြောသည်။

Quarantine၀င်မည့် အစိုးရ၀န်ထမ်းများအား ဧပြီ ၁၉ရက်က စ၍ နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် လက်ခံခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နေ့စား၀န်ထမ်းကနေ ညွှန်ကြားရေးမှူးအဆင့်အထိ စုစုပေါင်း ၈၂၂ ဦး ကို လက် ခံထားကြောင်းသိရသည်။
"မနေ့က ၈၂၂ ယောက်ရှိတယ်။ ထပ်ရောက်ဖို့ကတော့ ၀င်နေတာပဲဖွဲဖွဲ၊ မနေ့က ၁၁ ယောက်၀င်တယ်။ ဒီနေ့ကတော့ တစ်ယောက်ပဲ၀င်သေးတယ်။ နည်းနည်းလေးတွေတော့ရှိတယ်ပေါ့။အရင်ကလို ဝုန်းဒိုင်းကြဲ တော့မလာတော့ဘူး”ဟု ဒေါက်တာ၀င်းမာလာကြင်ကပြောသည်။
စည်ပင်ဧည့်ရိပ်သာတွင် ပြည်ပကနေ ပြန် လည်၀င်ရောက်လာသည့် ပြည်တော်ပြန်များကို မတ်လ ၂၇ရက်မှစတင်ကာလက်ခံဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ ၆၀၀ကျော်ကိုလက်ခံ ထားရှိခဲ့ ကြောင်းသိရသည်။
လက်ရှိမှာတော့ ၎င်းတို့သည် သတ်မှတ်ရက်ပြည့်၍ နေရပ်ပြန်သို့ပြန်လည်ပို့ဆောင်ခဲ့ပြီး၊လက်ရှိတွင် နေပြည် တော်စည်ပင်ဧည့်ရိပ် သာတွင် Quarantine ၀င်ရောက်နေသည့် ၀န်ထမ်းများ(၈၀၀)ကျော်သာ ကျန်ရှိနေကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် ၀န်ထမ်းများအနေဖြင့် တာ၀န်မှအပ သက်ဆိုင်ရာရုံး/ ဌာနတို့၏ ခွင့်ပြုချက်မရှိဘဲ တာ၀န်ကျရာဒေသမှ ထွက်ခွာခြင်းမပြုရန်၊မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း ဌာနဆိုင်ရာ၀န်ထမ်းများအနေဖြင့် တာ၀န်ထမ်းဆောင်ရာအရပ်မှ မိသားစုများရှိရာ နေရပ်ဒေသအသီးသီးသို့ ပြန်ကြစဉ် လမ်းခရီးတွင်လည်းကောင်း၊ နေရပ်သို့ရောက်ရှိစဉ်တွင်လည်းကောင်း၊ COVID-19 ရောဂါကူးစက်ခံထားရသည့် ပြည်သူများ၊မိသားစု၀င်များ၊ဆွေမျိုးမိတ်ဆွေများနှင့်ထိတွေ့ မိရာမှ ရော ဂါကူးစက်ခံရနိုင်သည့်အတွက် ၀န်ထမ်းများအားလုံး အရေးကြီးကိစ္စရပ်များ(နာရေး)မှအပ ခရီးသွားလာခြင်းမပြုရန် အစိုးရကညွှန်ကြားထားကြောင်း သိရသည်။
ထိုသို့ ညွန်ကြားထားသော်လည်း ၀န်ထမ်းများသည် သက်ဆိုင်ရာဌာနများရှိ တာ၀န်ရှိသူများထံမှ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တာ ၀န်ထမ်းဆောင်ရာအရပ်မှ မိသားစုများရှိရာ နေရပ်ဒေသ အသီးသီးသို့ သွားလာလျက်ရှိသည်ကိုစိစစ်တွေ့ရှိရကြောင်း သိရသည်။
သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ခွင့်ပြုချက်မရှိပဲ သွားရောက်ခဲ့သည့် နိုင်ငံ့၀န်ထမ်းများကို နိုင်ငံ့ဝန် ထမ်း နည်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ Community Based Facility Quarantine တွင် ထားရှိမည်ဖြစ်ကြောင်းCOVID-19 အစိုးရကထုတ်ပြန်ထားသည်။
လက်ရှိတွင် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ (၁၇၇) ဦးရှိပြီး၊ ဓာတ်ခွဲ အတည်ပြု လူနာများအနက် ရောဂါပိုးကင်းစင်လာသူ (၆၇) ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။
Image may contain: house, sky, car, outdoor and nature
Crd : TheFifthWaveNews

0 comments:

Post a Comment